www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 31, 2014

စိတ်ကျရောဂါ ခံစားနေရသူများ အတွက် Hot Line ဝန်ဆောင်မှု စတင် ဆောင်ရွက်



ရန်ကုန် ၊ ၃၁-၁၂-၂ဝ၁၄

မြန်မာနိုင်ငံ၌ စိတ်ကျရောဂါ ခံစားနေရ သူများအား ဖုန်းမှတစ်ဆင့် ဆက်သွယ် ဆွေးနွေးကာ နှစ်သိမ့်ကုသ ပေးနိုင်ရန် Hot Line ဖြင့် ဝန်ဆောင်မှု ပေးခြင်း လုပ်ငန်း စတင်ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် က စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၌ HIV/ AIDS နှင့် သားဆက်ခြားခြင်း ဆိုင်ရာ ကျန်းမာရေး ပညာပေးမှု များအတွက် ဆက်သွယ် မေးမြန်းလို ပါက Hot Line များ ရှိပြီး ဖြစ်သော်လည်း စိတ်ကျ ဝေဒနာရှင်များ အတွက် Hot Line ဝန်ဆောင်မှု လုပ်ငန်းကို ယခုမှစတင် ဆောင်ရွက်ခြင်း ဖြစ်သည်။

စိတ်ကျရောဂါ ခံစားနေရသော အမျိုးသားများ အနေဖြင့် ဖုန်း ဝ၉- ၇၃၂၁ ၂၂၂၆ သို့ လည်းကောင်း၊ အမျိုးသမီးများ အနေဖြင့် ဖုန်း ဝ၉- ၇၃၂၁ ၂၂၂၇ သို့ လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ် အကူအညီ တောင်းနိုင် သကဲ့သို့ ကာယကံရှင် ကိုယ်တိုင် မဟုတ်ဘဲ အခြားသူများ၏ စိတ်ကျရောဂါ များနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းဆွေးနွေး နိုင်ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ စုစုပေါင်း လူဦးရေ၏ ငါးပုံတစ်ပုံ ခန့်သည် အသက် ၁၅ နှစ်မှ ၂၄ နှစ် အတွင်းရှိ လူငယ်များ ဖြစ်ကြပြီး အဆိုပါ လူငယ်များအနက် ၂ဝ ရာခိုင်နှုန်း ကျော်သည် စိတ်ကျရောဂါ ကို ခံစားနေကြ ရကြောင်း သိရသည်။

ထို့အပြင် စိတ်ကျရောဂါ ခံစားနေရပြီး နောက် မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့သူ အရေအတွက်သည် တစ်ကမ္ဘာလုံး အတိုင်းအတာ အရ လူဦးရေ ခုနစ်သောင်းကျော် ရှိသွားပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ UNICEF မှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger