www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 30, 2014

၂၀၁၄ ခုနှစ်၏ ၀င်ငွေ အများဆုံးရရှိသည့် အနုပညာရှင် စာရင်းတွင် ဂျနီဖာလောရင့်စ် ထိပ်ဆုံးမှ ရပ်တည်


Jennifer Lawrence dubbed Forbes' highest grossing actor of 2014

လော့စ်အိန်ဂျလိစ် ၊ ၃၀-၁၂-၂၀၁၄

အော်စကာဆုရ မင်းသမီးချော ဂျနီဖာ လောရင့်စ်သည် Forbes မဂ္ဂဇင်းမှ ရွေးချယ်သော ၂ဝ၁၄ ခုနှစ်၏ ဝင်ငွေ အများဆုံး ရရှိသည့် အနုပညာရှင် စာရင်းတွင် နံပါတ် ၁ နေရာကို ရရှိခဲ့ကြောင်း သိရသည်။

ဂျနီဖာလောရင့်စ် သည် သူမပါဝင် သရုပ်ဆောင် ခဲ့သော The Hunger Games: Mockingjay ရုပ်ရှင်နှင့် X-Men: Days of Future Past ဇာတ်ကားတို့မှ အနုပညာကြေး စတာလင်ပေါင် သန်း ၉ဝဝ ရရှိခဲ့ပြီးနောက် ဝင်ငွေအများဆုံး ရရှိသည့် အနုပညာ ရှင်အဖြစ် ရွေးချယ် ခံရခြင်း ဖြစ်သည်။

ဝင်ငွေ အများဆုံး ရရှိသည့် အဆိုပါ အနုပညာရှင် စာရင်းတွင် ဟောလီးဝုဒ် မင်းသားချော ခရစ္စပတ်ထ် က ၄င်းပါဝင် သရုပ်ဆောင် ခဲ့သော Marvel ရုပ်ရှင်နှင့် The Lego Movie ဟာသရုပ်ရှင်ကား တို့မှ အနုပညာ
ကြေး စတာလင်ပေါင် ၇၇၁ သန်းဖြင့် နံပါတ် ၂ နေရာ ရရှိခဲ့သည်။

အလားတူ ဟောလီးဝုဒ် မင်းသမီးချော စကားလက် ဂျိုဟန်ဆန် က Captain America: The Winters Soldier ဇာတ်ကားမှ အနုပညာကြေး စတာလင်ပေါင် ၇၅၈ သန်း ရရှိခဲ့ပြီး အဆိုပါ စာရင်းတွင် နံပါတ် ၃ နေရာ ရရှိခဲ့သည်။

Transformers: Age Of Extinction ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် မင်းသား မာ့ခ်ဝါခ်ျဘာ့ဂ် က ယင်းဇာတ်ကား မှ စတာလင်ပေါင် ၆၄၂ သန်း ရရှိခြင်းဖြင့် ၄င်းစာရင်း၌ နံပါတ် ၄ နေရာကိုလည်းကောင်း၊ Captain America:The Winter Soldier ဇာတ်ကားတွင် စကားလက် ဂျိုဟန်ဆန် နှင့် ပူးတွဲ သရုပ်ဆောင် ခဲ့သူ မင်းသား ခရစ္စအီဗန်က ယင်းဇာတ်ကားမှ စတာလင်ပေါင် ၅၁၅ သန်း ရရှိခဲ့ပြီး နံပါတ် ၅ နေရာကို လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger