www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 16, 2014

လူမှုဒုက္ခကင်းဝေးရေး သွေးလွန်တုပ်ကွေး ကာကွယ်ပေး


လူမှုဒုက္ခကင်းဝေးရေး သွေးလွန်တုပ်ကွေး ကာကွယ်ပေး

ကမ္ဘာ့နိုင်ငံ အသီးသီး၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်း သည် အာရှနှင့် ပစိဖိတ် ဒေသတွင် ဖြစ်ပွားလျက် ရှိရာ အရှေ့တောင် အာရှနိုင်ငံများမှ အင်ဒိုနီးရှား၊ ထိုင်း နှင့် မြန်မာနိုင်ငံ တို့သည် သွေးလွန် တုပ်ကွေး အများဆုံး ဖြစ်ပွားကြောင်း သိရသည်။

အာဆီယံ ဒေသတွင်း ရာသီဥတု ပြောင်းလဲ ဖြစ်ပေါ်မှု များကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ပြန်လည် အဖြစ်များ လာပြီး ပြည်သူ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်လာခဲ့သည်။ အာဆီယံ နိုင်ငံများ အတွင်း ပူးပေါင်း ဆောင်ရွက်ရန် ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်အထိ စင်ကာပူ နိုင်ငံ၌ ကျင်းပသည့် (၁ဝ)ကြိမ် မြောက် အာဆီယံ ကျန်းမာရေး ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက် အရ နှစ်စဉ် ဇွန် ၁၅ ရက်ကို အာဆီယံ သွေးလွန် တုပ်ကွေးနေ့ ( ASEAN Dengue Day ) အဖြစ် သတ်မှတ် ခဲ့သည်။ 

မြန်မာနိုင်ငံတွင် ယခင်က မြို့ကြီးများ ၌သာ သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များ သော်လည်း ယခုအခါ ကျေးလက်ဒေသ များ၌ပါ ဖြစ်ပွား နေကြသည်။ ရောဂါဖြစ်ပွား သေဆုံးမှု နှုန်းမှာ ၁၉၇ဝ ပြည့်နှစ်က လူနာ ၁ဝဝ လျှင် ခြောက်ဦးအထက် ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူနာ ၁ဝဝ လျှင် တစ်ဦးခန့်သာ သေဆုံးသည် အထိ ကျဆင်း လာခဲ့သည်။ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုမှာ အသက်အရွယ် အားဖြင့် ၁၅ နှစ်အောက် ကလေးများတွင် ဖြစ်ပွားပြီး မူကြိုနှင့် မူလတန်း အရွယ် ကလေးများတွင် အများဆုံး ဖြစ်ပွား ခဲ့သည်။

သွေးလွန်တုပ်ကွေး ဖြစ်ပွား စေသော ခြင်တစ်ကောင်၏ သက်တမ်းသည် ၁၄ ရက်ရှိပြီး နှစ်ရက် တစ်ကြိမ် ခြင်ဥများ ဥရာ တစ်ကြိမ်လျှင် ဥ အရေအတွက် ၁၅ဝ မှ ၂ဝဝ အထိ ရှိသည်။ ခြင်တစ်ကောင်၏ သက်တမ်း ၁၄ ရက်အတွင်း ခုနစ်ကြိမ် ဥခြင်းကြောင့် စုစုပေါင်း ဥ ၁ဝဝဝ ကျော်မှ ခြင် အကောင်ရေ ၁ဝဝဝ ကျော် ပေါက်မည် ဖြစ်သည်။ ခြင်တစ်ကောင်သည် လူ ၁ဝ ဦးမှ ၂ဝ ဦးအထိ ကိုက်နိုင်သဖြင့် အကောင် မပေါက်မီ ပိုးလောက်လမ်း ဘဝမှာပင် နှိမ်နင်း ကြရမည် ဖြစ်သည်။

ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်များ အတိုင်း ၁၉၉ဝ ပြည့်နှစ်တွင် ရှိခဲ့သည့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း နှင့် သေဆုံးမှု နှုန်းကို ၂ဝ၁၅ ခုနှစ်မတိုင်မီ လျှော့ချနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန က ဆောင်ရွက်လျက် ရှိရာ ဆေးစိမ် ခြင်ထောင်များ ဖြန့်ဝေခြင်း၊ ခြင်ထောင်များ ဆေးစိမ် ပေးခြင်း၊ ကျောင်းများနှင့် ရပ်ကွက်များ အတွင်း သွေးလွန် တုပ်ကွေးနှင့် ငှက်ဖျားရောဂါ ကာကွယ် နှိမ်နင်းနိုင်ရေး အတွက် ပိုးလောက်လမ်း များ သေစေသည့် အဘိတ်ဆေး ခတ်ခြင်း တို့ကို နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက် ပေးလျက် ရှိသည်။

သို့ဖြစ်၍ သွေးလွန်တုပ်ကွေး ရောဂါသည် လူသားတို့၏ ကျန်းမာရေးကို သာမကဘဲ လူမှုစီးပွား ကိုပါ ထိခိုက် နိုင်ခြင်းကြောင့် သွေးလွန် တုပ်ကွေး ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူအားလုံး ပါဝင်ကာ ထိထိ ရောက်ရောက် ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။ 

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger