www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 26, 2014

၁၀၀ ကျပ်တန် နှင့် ၅၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုး နှင့် တံဆိပ်ခေါင်းပါစာအိတ်များ ရောင်းချမည်




နေပြည်တော် ၊ ၂၆-၆-၂၀၁၄

ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ ၊ တရုတ် ၊ အိန္ဒိယ နိုင်ငံတို့မှ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ရပ် ချမှတ် နိုင်ခဲ့သည့် နှစ် (၆၀) ပြည့် အထိမ်းအမှတ် အနေဖြင့် ထုတ်ဝေသည့် ၁၀၀ ကျပ်တန် နှင့် ၅၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် နှစ်မျိုး နှင့် တံဆိပ်ခေါင်းပါ စာအိတ်များကို ဇွန်လ ၂၈ ရက် ( စနေနေ့ ) နံနက် ၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး / ပြည်နယ် / ခရိုင် / မြို့နယ် ဆက်သွယ်ရေး စခန်း ( စာတိုက် ) များ၌ ရောင်းချမည် ဖြစ်သည်။

အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့တွင် ဇွန်လ ၂၈ ရက် ၀ယ်ယူသော စာပို့ တံဆိပ်ခေါင်းများ ပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger