www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 11, 2014

(၆၉)နှစ်မြောက် တပ်မတော်နေ့ အထမ်းအမှတ် (၂၁)ကြိမ်မြောက် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ


ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းတပ်ခွဲ (အပေါ်)နှင့်
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းတပ်ခွဲ (အောက်) တို့ ယှဉ်ပြိုင်စဉ်


နေပြည်တော် ၊ ၁၁-၂-၂၀၁၄

(၆၉)နှစ်မြောက် တပ်မတော်နေ့ အထမ်းအမှတ် (၂၁) ကြိမ်မြောက် တပ်မတော် (ကြည်း ၊ ရေ ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ယမန်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ တည်းခိုရေး စခန်း (ရွာတော်) ၌ ကျင်းပရာ ရှေးဦးစွာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီဝိုင်း ၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း နှင့် အမှတ်(၈၈) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း တို့က အသီးသီး ယှဉ်ပြိုင် ခဲ့ကြသည်။

အဆိုပါ စစ်တီးဝိုင်း ပြိုင်ပွဲသို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် သန်းစိုး နှင့် တာဝန်ရှိ သူများက ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger