www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 27, 2013

J-31 ကိုယ်ပျောက် တိုက်လေယာဉ်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရန် တရုတ်စီစဉ်



ပေကျင်း ၊ ၂၇-၉-၂ဝ၁၃

တရုတ်နိုင်ငံ ၏ ရှန်ယန်း လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း မှ ဒီဇိုင်း ရေးဆွဲထားသော J-31 ပဉ္စမ မျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် များကို တရုတ်လေတပ် နှင့် ရေတပ်အတွက် မဟုတ်ဘဲ ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ရေတပ်မှ ရေတပ်ဗိုလ်ချုပ်ကြီး Zhang Zhaozhong က ပြောကြား ခဲ့သည်ဟု စက်တင်ဘာ ၂၆ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။  

ဲJ-31 တိုက်လေယာဉ် သည် လေယာဉ်တင် သင်္ဘောတွင် အသုံးပြုမည့် တရုတ် ရေတပ်၏ အနာဂတ် ကိုယ်ပျောက် တိုက်လေယာဉ် တစ်မျိုး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် မဟာဗျူဟာ စာစောင်မှ သုံးသပ် ခန့်မှန်း ထားသော်လည်း J-31 တိုက်လေယာဉ် ကို တရုတ် လေယာဉ်တင် သင်္ဘောများတွင် အသုံးပြု သွားဖွယ် မရှိကြောင်း ၊ ချန်ဒူးလေယာဉ် ထုတ်လုပ်ရေး စက်မှု လုပ်ငန်းစုမှ ထုတ်လုပ်သော J-20 တိုက်လေယာဉ် နှင့် ကွဲပြား ခြားနားသော J-31 တိုက်လေယာဉ် သည် တရုတ်စစ်ဘက် အတွက် ရည်ရွယ် ထုတ်လုပ်ခဲ့ခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး Zhang က ပြောကြားသည်။

တရုတ်နှင့် ပါကစ္စတန်တို့ ဒီဇိုင်း ပူးတွဲ ရေးဆွဲခဲ့သော FC-1/ JF-17 Xiaolong တိုက်လေယာဉ် ကဲ့သို့ပင် J-31 တိုက်လေယာဉ် သည် မြောက်ကိုရီးယား နှင့်အီရန် အပါအဝင် တရုတ် နိုင်ငံ၏ မဟာမိတ်များ နှင့် မဟာဗျူဟာ မိတ်ဖက်များသို့ ရောင်းချရန် ရည်ရွယ် ထုတ်လုပ်သော လေယာဉ် တစ်မျိုး ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။


ဲJ-31 တိုက်လေယာဉ် ပုံစံငယ်ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် တွင် ပြုလုပ်သော Zhuhai လေကြောင်း ပြပွဲတွင် ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့ပြီး စက်တင်ဘာ ၂၅ ရက်က ပေကျင်းမြို့ တွင် ပြုလုပ်သော နိုင်ငံတကာ လေကြောင်း ပြပွဲတွင်လည်း ထပ်မံ ပြသခဲ့သည် ဟု သိရှိရသည်။ (Newsnow)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger