www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 25, 2013

ချင်းပြည်နယ် နှင့် ပခုက္ကူလမ်းပိုင်း ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားခြင်းကြောင့် ဒေသခံ ပြည်သူများ သွားလာရေး ခက်ခဲ


ပခုက္ကူ ၊ ၂၅-၉-၂၀၁၃

ချင်းပြည်နယ် မင်းတပ်မြို့ နှင့် ပခုက္ကူ သွား ကားလမ်းပိုင်း ယောချောင်းကို ဖြတ်ကူး တည်ဆောက် ထားသည့် ဂုံဘို တံတား ချဉ်းကပ်လမ်း ရေထဲ မျှောပါ သွားသည့် အတွက် ဒေသခံ ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ များထံမှ သိရသည်။

'' အခု ချင်းပြည်နယ် မင်းတပ်နဲ့ ပခုက္ကူကို သွားတဲ့ ကားလမ်းပိုင်းမှာ ယောချောင်း ဂုံဘိုတံတား ချည်းကပ်လမ်း ရေမျှောပါ သွားတဲ့အတွက် သွားလာရေး ခက်ခဲ နေပါတယ် ၊ ပခုက္ကူ ကို မင်းတပ် ကနေ ကားနဲ့ သွားရင် ငွေကျပ် ၅၄၀၀ ပဲ ကုန်တာပါ ၊ အခုကားတွေ မသွားနိုင်တဲ့ အတွက် ဆိုင်ကယ်ကယ်ရီ နဲ့ မဖြစ်မနေ သွားရတဲ့ အခါ ဆိုင်ကယ်ကယ်ရီ ခက ကျပ် ခုနှစ်သောင်း ကုန်ပါတယ် ၊ နောက်ပြီး ချင်းပြည်နယ် မင်းတပ် ကနေ ပေါက်မြို့နားမှာ ပလောင်းရွာ ရှိပါတယ် ၊ အဲဒီရွာနားက နွားတက်ချောင်း တံတား တစ်ခြမ်းရေ ထဲ ပါသွားတယ်လို့ သိရပါတယ် ၊ နွားတက် ချောင်းလမ်းက တော်တော် မော့နေတဲ့ အတွက် ကားနောက်ပြန် ကျပြီး သဲတောင်တွေ ဖုံးသွားလို့ ပြန်ဆယ်နေရ တယ်လို့ သိရပါတယ် ၊ မင်းတပ်နဲ့ ၁၈ မိုင်ပဲဝေးတဲ့ နေရာမှာ ဖြစ်နေလို့ ဘုန်းဘုန်း လည်း မီဒီယာ တွေကို သတင်းပေးဖို့ သတင်း ခိုင်လုံအောင် လူလွှတ်ပြီး လေ့လာခိုင်းတာ ကားမသွား နိုင်လို့ ဆိုင်ကယ် ကယ်ရီနဲ့ သွားတာ လေးသောင်း ပေးရတယ် ၊ ချင်းပြည်နယ် သွားရာလမ်း ပိုင်းမှာ ယောချောင်း ၊ ကျောချောင်း အပါအဝင် ချောင်းရေတွေ တိုက်စားပြီး ပျက်စီးမှုတွေ ဖြစ်နေတဲ့ အတွက် ဒေသခံတွေ တော်တော်လေး သွားရေး လာရေး ခက်ခဲနေ ပါတယ် ... '' ဟု ချင်းပြည်နယ် တောင်တန်း သာသနာပြု ဆရာတော် ဥူးပညာ သီရိ ( တောင်ပုလု ပရိယတ္တိ ၊ ပဋိပတ္တိကျောင်း ၊ ပရဟိတ ကျောင်းဆရာ တော် ) က မိန့်ကြားခဲ့သည်။

ယောချောင်း ဖြတ်ကူးသည့် ဂုံဘို တံတား တည်ဆောက် ထားသည်မှာ ဆယ်စုနှစ် ဝန်းကျင်သာ ရှိပြီး အဆိုပါ ဆယ်စုနှစ် အတွင်း ရေတိုက်စား မှုကြောင့် တံတားပျက်စီးမှု ကြုံရသည်မှာ ငါးကြိမ်ရှိပြီဟု ဒေသခံများက ပြောပြခဲ့သည်။


'' တံတားက ပေ ၄ဝဝ လောက် ရှည် ပါတယ် ၊ တံတား သက်တမ်း ၁ဝ နှစ် ဝန်းကျင်မှာ ငါးကြိမ် ရေတိုက်စား ခံရပါ တယ် ၊ မူလ တံတားက သစ်သားတိုင် ၊ သစ်သားအခင်း နဲ့ လုပ်ထားတဲ့ တံတားပါ ၊ ဒါကြောင့် ရေတိုက်စား တိုင်းပျက် စီးမှုဖြစ်တယ် ၊ တစ်ခါဖြစ်ရင် ဖြစ်တဲ့ နေရာကိုပဲ ကွက်ပြီး ကွန်ကရစ်တိုင် နဲ့ ပြောင်းလုပ် တော့ နှစ်စဉ် ရေတိုက် စားမှုခံ ရမှာပါ ၊ ပေ ၄ဝဝ တံတားမှာ ငါးခါရေ တိုက်စားလို့ ငါးခါကွန်ကရစ် ပြောင်းပြီးပြီ ၊ကျန်တဲ့အပိုင်း ကိုပါ တစ်ခါတည်း ပြောင်းလိုက်ရင် မဖြစ်ဘူးလား ၊ အခုတော့ နှစ်စဉ် ရေပါလို့ ဒေသခံတွေ သွားလာရေး အခက်တွေ့ ရပါတယ် ... '' ဟု ဒေသခံ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger