www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 29, 2013

ယဉ်ကျေးမှုနီတိ မူကြမ်း အတည်ပြုချက် ရလျှင် အနုပညာတက္ကသိုလ် ၌ သင်ကြားမည်

ရန်ကုန် ၊ ၂၉-၈-၂၀၁၃

အနုပညာ တက္ကသိုလ်တွင် ဘာသာရပ် တစ်ခုအနေဖြင့် ယဉ်ကျေးမှုနီတိ မူကြမ်းကို ရေးဆွဲပြီးစီး နေပြီဖြစ်ရာ သက်ဆိုင်ရာမှ အတည်ပြုချက် ရရှိပါက နောက်ပညာသင် နှစ်အတွင်း စတင် သင်ကြားမည် ဖြစ်ကြောင်း အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရသည်။

ပထမဆုံး အနေဖြင့် အနုပညာ တက္ကသိုလ် တွင် ဆက်သင်ကြား မည်ဖြစ်ပြီး နောက်ပိုင်းတွင် အခြေခံပညာ ကျောင်းများ တွင်ပါ အဆင့်အလိုက် သင်ကြား နိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ၊ ယဉ်ကျေးမှုနီတိ သင်ကြား ရခြင်း၏ ရည်ရွယ်ချက် သည် ခေတ်စနစ် ပြောင်းလဲမှု နှင့်အတူ လူငယ်လူရွယ် များ မြန်မာ့ ယဉ်ကျေးမှုနှင့် ဓလေ့များကို မမေ့ပျောက်အောင် ထိန်းသိမ်းနိုင် စေရေး အတွက် ဖြစ်ကြောင်း သိရှိရသည်။

" မူကြမ်း ရေးဆွဲပြီးသွား ပါပြီ ၊ အတည်ပြုချက် ယူရုံတင် ကျန်ပါတော့တယ် ၊ အဓိက မြန်မာ့ ယဉ်ကျေးမှု ဓလေ့တွေကို လက်ဆင့်ကမ်း ပေးတဲ့ သဘောပါ ၊ ကိုယ့် ယဉ်ကျေးမှုကို မြတ်နိုး တတ်အောင် ရည်ရွယ်ချက် နဲ့ပါ ... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


ယခုနှစ်အတွင်း ပညာရေး အဆင့်မြင့် တင်မှု အနေဖြင့် ဘာသာရပ်များ တိုးချဲ့ခြင်း ၊ ပြောင်းလဲခြင်းများ အပါအဝင် နိုင်ငံတကာ ပညာရေး အဆင့်နှင့် ကိုက်ညီသော သင်ရိုး ညွှန်းတမ်းများ ဖြစ်လာရေး ဆောင်ရွက် သင့်ကြောင်း ၊ ယခင်က ရန်ကုန် တက္ကသိုလ်သည် နိုင်ငံတကာ အဆင့်တန်းမီ ပညာရပ်များ သင်ကြား နိုင်ခဲ့ပြီး နောက်ပိုင်းနှစ် များအတွင်း ပညာရေး အဆင့် ကျဆင်းမှုတွေ ရှိလာကြောင်း သိရှိရသည်။ အဆိုပါ အတည်ပြုချက် ရရှိပါက ရန်ကုန် နှင့် မန္တလေးရှိ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် များတွင် စတင် သင်ကြားမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် သင်ကြားနိုင်ရန် အတွက် အတည်ပြချက် ရရန် စောင့်ဆိုင်း နေကြောင်း သိရှိရသည်။(စိုးမိုး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger