www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 29, 2013

နေညိုချိန် ကျေးလက်ပန်းချီ

နေညိုချိန် ကျေးလက်ပန်းချီ
=-=-=-=-=-=-=-=-=

နေ၀င်ရိုးရီ
လှည်းသံအီလို့
ရွာဆီလမ်းမ ဖုန်ထောင်းထကာ
ယာမှရွာသို့ ပြန်ကြပြီ ။

ဘာသာခွန်းဖွဲ့
သံချိုနွဲ့လို့
အုပ်ဖွဲ့ပျံသန်း
အိပ်တန်းတက်ဖို့ ကျေးငှက်အဝေး ပျံကြပြီ ။

စားကျက်မြေမှ
အစာဝလို့
နွားမအုပ်လျှင်
အသော့နှင်ကာ ရွာဝင်ခြံသွင်း သိမ်းလေပြီ ။

ထဘီတိုတို
ရွာမေပျိုတို့
ရွှင်ချိုပြုံးရယ်
အိုးကိုယ်စီနှင့် ကန်ဆီရေခပ် ဆင်းလေပြီ ။

ရေခပ်လမ်းတွင်
ရွာလုလင်တို့
ရင်ဖွင့်သီကြွေး
ပလွေတေးဖြင့် ချစ်ရေးသံစဉ် လွင်လေပြီ ။

ရောင်စုံဝင်ဖြာ
တိမ်ဆည်းဆာတွင်
သဘာဝအလှ
ဆေးခြယ်သသို့
ညနေကျေးရွာ ရွာရိုးရာသည်
ထာဝစဉ် သာယာသစ်လွင်လျက် ။   ။

(ပြေဦး)

( ၂၀၁၃ ခုနှစ် သြဂုတ်လထုတ် ငွေတာရီမဂ္ဂဇင်း ၏ ကဗျာကဏ္ဍမှ )



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger