www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 26, 2013

ကံရယ် စန်းရယ် အရေးကြီးတယ် ဆိုတဲ့ မာရီနာ နှင့် ခဏတာ



သတင်းစာ မှာ ခရစ္စတီးနား ရဲ့ ညီမဖြစ်သူ မော်ဒယ် သရုပ်ဆောင် မာရီယာ ရဲ့ မင်္ဂလာ သတင်းတစ်ပုဒ် ဆိုပြီး ပါလာပါတယ် ၊ မာရီယာ ဆိုတာ နာမည်လွဲ နေတာပါ ၊ အဲဒီ သတင်းက အနုပညာ လောကထဲမှာ ရေပန်းစား နေပါတယ် ၊ တကယ်အစစ် ခရစ္စတီးနား ရဲ့ ညီမ ဖြစ်သူက မာရီနာ ပါ ၊ သတင်းစာထဲမှာ ဒီလို မှားပါလာတော့ အနုပညာ စန်းရဖို့ လုပ်နေတဲ့ ညီမတို့ကို ပရိသတ် က အမြင်တစ်မျိုး ဖြစ်သွား တာပေါ့နော် ..... ။


နေ့စဉ်ထုတ် သတင်း အင်တာဗျူး တစ်ခုမှာ ညီမရဲ့ နာမည် မာရီနာ ရယ် ၊ ညီမ ဓာတ်ပုံရယ် မှားပြီး ပါလာတယ်ပေါ့ နော် ၊ အဲဒါနဲ့ ညီမက ဆက်သွယ် အကြောင်းကြားတော့ အဲ့ဒီက သက်ဆိုင်သူ တွေ လာပြီး တောင်းပန်တယ် ၊ ညီမက အဲ့ဒီ သတင်းစာ မှာပဲ မှားတဲ့ ညီမပုံနဲ့ပဲ ၁၀ ရက်လောက် မာရီယာ ရဲ့ ပုံနဲ့တွဲပြီး ပြန်ဖြေရှင်း ပေးပါ ၊ ဒါမှ မဟုတ် မြန်မာ့ အလင်း ၊ ကြေးမုံ စတဲ့ သတင်းစာ တွေမှာ ပြန်ထည့် ပေးပါလို့ ပြောလိုက်တယ် ၊ သူတို့က ပြန်သွားပြီး တစ်ရက် ထည့်ပေးတယ် ကြားတယ် ၊ ဒါပေမယ့် ညီမ ပြောသလို မဟုတ်ဘူး ၊ ထည့်ပေးတယ် ဆိုတာလည်း အကြောင်းကြား ခြင်း မရှိဘူး ၊ ဒါနဲ့ ညီမ စာနယ်ဇင်း ကောင်စီ ကို တိုင်ထားတယ် ၊ အခုထိတော့ ဘာမှ မထူးသေးဘူး ၊ ညီမ စာနယ်ဇင်း ရှင်းလင်းပွဲ လုပ်ပြီး ပရိသတ် တွေကို အသိပေး ရမလို ဖြစ်နေပြီ။ ညီမတို့ အနုပညာရှင် ဘ၀မှ ကံရယ် စန်းရယ် က အရမ်း အရေးကြီးတယ် ၊ အခုဆို ကြော်ငြာ တချို့နဲ့ VCD သီချင်းတွေမှာ ညီမ အိမ်ထောင် ကျသွားပြီ ဆိုတဲ့ သတင်း တချို့နဲ့ တင် လက်လွှတ် လိုက်ရတာတွေ ရှိနေတယ် ၊ ပရိသတ် တွေနဲ့ ခင်မင်သူ တွေကိုလည်း ဖုန်းနဲ့ နေ့တိုင်းပဲ ဖြေရှင်း နေရပါတယ် .... ။

စန္ဒာအောင် (မြစ်ဆုံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger