www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 26, 2013

စာကြည့်တိုက်(၃၅)ခု၌ အင်တာနက် ၀ိုင်ဖိုင် အခမဲ့ အသုံးပြုနိုင်

ရန်ကုန် ၊ ၂၆-၆-၂၀၁၃

ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ နေပြည်တော် အပါအ၀င် ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၃ ခုရှိ ခရိုင် ပြန်/ဆက် စာကြည့်တိုက် ၃၅ ခု၌ ဇွန်လ နောက်ဆုံးပတ် မှ စတင်၍ အင်တာနက် ၀ိုင်ဖိုင်များ အခမဲ့ အသုံးပြု နိုင်မည် ဖြစ်သည်ဟု သိရသည်။ တနင်္ဂနွေနေ့ မှ လွဲ၍ တစ်ပတ်လျှင် ၆ ရက် နံနက် ၇ နာရီမှ ည ၇ နာရီအထိ အခမဲ့ အသုံးပြု နိုင်ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးတို့မှ အခမဲ့ ၀ိုင်ဖိုင် သုံးနိုင်ရန် နှင့် ဆက်စပ် ပစ္စည်းများ ပံ့ပိုး ပေးခဲ့ပြီး ခရိုင် ပြန်/ဆက်ရုံး မှ အဆောက်အအုံ နှင့် အခြား မွမ်းမံ ကုန်ကျစရိတ် များကို ကျခံရမည် ဟု သိရသည်။ ခရိုင် ပြန်/ဆက် စာကြည့်တိုက် များတွင် အင်တာနက် ၀ိုင်ဖိုင် အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှစ၍ လျှို့ဝှက်နံပါတ် ( Password ) ဖြင့် အသုံးပြု နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်တွင် Password များဖြုတ် ပေးကာ သုံးစွဲသူများ လွတ်လွတ် လပ်လပ် အသုံးပြု နိုင်ရေန် ဖွင့်ပေးခဲ့ကြောင်း သိရသည်။


ခရိုင် ပြန်/ဆက် စာကြည့်တိုက် ရှိ နေရာများမှာ ကချင်ပြည်နယ် တွင် ဗန်းမော်ခရိုင် ၊ ကယားပြည်နယ် တွင် လွိုင်ကော် ၊ ကရင်ပြည်နယ် တွင် ဘားအံ ၊ မွန်ပြည်နယ် တွင် မော်လမြိုင် ၊ ရခိုင်ပြည်နယ် တွင် စစ်တွေ ၊ ရှမ်းပြည်နယ် တွင် တောင်ကြီး ၊ လားရှိုး နှင့် ကျိုင်းတုံ ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် မုံရွာ ၊ တနင်္သာရီ တိုင်းဒေသကြီး တွင် ထားဝယ် ၊ ပဲခူးတိုင်း ဒေသကြီး တွင် ပဲခူး ၊ ပြည် နှင့် တောင်ငူ ၊ မန္တလေးတိုင်း ဒေသကြီး တွင် မန္တလေး ၊ ကျောက်ဆည် ၊ ပြင်ဦးလွင် ၊ မြင်းခြံ ၊ ရမည်းသင်း ၊ ညောင်ဦး နှင့် မိတ္ထီလာ ၊ မကွေးတိုင်း ဒေသကြီး တွင် မကွေး ၊ ရန်ကုန်တိုင်း ဒေသကြီး တွင် သင်္ဃန်းကျွန်း ၊ ကျောက်တံတား ၊ ပန်းဆိုးတန်း ၊ အင်းစိန် နှင့် သန်လျင် ၊ ဧရာဝတီတိုင်း ဒေသကြီး တွင် ပုသိမ် ၊ မြောင်းမြ ၊ မအူပင် ၊ ဟင်္သာတ ၊ ဖျာပုံ နှင့် လပွတ္တာ ၊ နေပြည်တော် ကောင်စီ နယ်မြေတွင် ဒက္ခိဏ သီရိခရိုင် ရှိ ပျဉ်းမနား ပြည်သူ့ စာကြည့်တိုက် တို့ ဖြစ်သည်။ ကျန်ရှိသည့် ပြန်/ဆက် ခရိုင် စာကြည့်တိုက် များတွင်လည်း အင်တာနက် အသုံးပြု နိုင်ရေး စီစဉ် ဆောက်ရွက် သွားမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger