www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2013

Monywa International Learning Academy သင်တန်းဖွင့်လှစ်



မုံရွာ ၊ ၁-၄-၂၀၁၃

" MILA " Monywa International Learning Academy သင်တန်း ဖွင့်လှစ်ခြင်း ကို ယမန်နေ့ နံနက်ပိုင်း က မုံရွာမြို့ ၊ ချမ်းမြသာစည် ရပ်ကွက် ၊ ဂျော်ကီလမ်း ရှိ အဆိုပါ သင်တန်းကျောင်း ၌ ကျင်းပ ပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနား သို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင် ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဇေယျာ ပဒေသာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်ထူး ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များ ၊ ကွန်ပျူတာ တက္ကသိုလ် (မုံရွာ) ကျောင်းအုပ်ကြီး ဒေါက်တာ မျိုးဟိန်းဇော် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ တို့ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် တက်ရောက် နိုင်သည့် သင်တန်း အမျိုးအစား များမှာ အသက် ၃ နှစ်မှ ၆ နှစ် မူကြို ( Pre + Kg ) ၊ မူလတန်း Primary School ( P1 , P2 ) ၊ မူလတန်း Primary School ( P3 to P6 ) ၊ အလယ်တန်း Secondary School ( P1 to P4 ) ၊ အထက်တန်း I.G.C.S.E ၊ နိုင်ငံတကာ တက္ကသိုလ် ၀င်ခွင့် သင်တန်း I.E.L.T.S နှင့် STARTER , MOVER , FLYER သင်တန်းများ ဖြစ်သည်။ ပထမဆုံး စာရင်းသွင်း မှတ်ပုံတင် သူ ၁၀ ဦးအား Tablet အပါအ၀င် ကံစမ်းမဲများ ချီးမြှင့် ပေးမည်ဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့ အထိ စာရင်းသွင်း မှတ်ပုံတင် သူတိုင်းအား ၁၀ ရာခိုင်နှုန်း Discount ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger