www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 26, 2013

ထိုင်းနိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့် ဆွေးနွေးမှု ပြုလုပ်ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက ပြောကြားခြင်း


၂၆-၄-၂၀၁၃

ထိုင်းနိုင်ငံ တောင်ပိုင်းစွန်းရှိ သူပုန်များ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ် ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ပါဝင် ကူညီ ဆောင်ရွက် ပေးရန် ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ (NSC) က ပြောကြား ခဲ့ကြောင်း ဧပြီလ ၂၅ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ် တွင် ပါဝင် ဆောင်ရွက် သင့်သည်ဟု NSC နှင့် သူပုန်တို့ မူအရ သဘော တူညီချက် ရရှိ ထားပြီး ဖြစ်ကြောင်း  ထိုင်းလုံခြုံရေး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြား ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ သဘောထား နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ရန် NSC အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Paradorn က ထိုင်း ကိုယ်စားလှယ် အဖွဲ့အား စေလွှတ် ထားကြောင်း ၊ သို့ရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ယခုအချိန် အထိ သဘော တူညီခြင်း မရှိသေးကြောင်း နှင့် အင်ဒိုနီးရှား နိုင်ငံ ပါဝင်လာရန် အချိန် အနည်းငယ် ကြာမြင့် နိုင်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ သူပုန်များ အနေဖြင့် အင်ဒိုနီးရှား နိုင်ငံထံမှ ၄င်းတို့ အတွက် လေ့ကျင့် ပေးမှုများ လက်ခံ ရရှိမည်ဟု ယုံကြည် ထားသည့် အတွက် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် အဆိုပါ ဆွေးနွေးပွဲ များတွင် ပါဝင် လာစေရေး နှင့် ပတ်သက်၍ စဉ်းစား ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၄င်းတာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger