www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 26, 2013

မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံများတွင် အဓိက သုံးစွဲနေသည့် ဗီယက်နမ်နိုင်ငံထုတ် တောင်သူသုံး သီးနှံစုံ အခြေခံစက်များ မြန်မာနိုင်ငံ တွင် တပ်ဆင် ထုတ်လုပ် ရောင်းချနေ



ရန်ကုန် ၊ ၂၆-၄-၂၀၁၃

မဲခေါင်မြစ်ဝှမ်း ဒေသတွင်းရှိ နိုင်ငံများတွင် တောင်သူများ အဓိက သုံးစွဲ နေကြသည့် ဗီယက်နမ် နိုင်ငံထုတ် သီးနှံစုံ အခြောက်ခံစက် များကို ဗီယက်နမ် နည်းပညာဖြင့် မြန်မာနိုင်ငံ တွင် တပ်ဆင် ထုတ်လုပ် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။ " အခု ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ တပ်ဆင် ထုတ်လုပ် နေတဲ့ Flat-bed dryer ဟာ ယနေ့ ဗီယက်နမ် နိုင်ငံမှာ ထုတ်လုပ် ပြီးတော့ မဲခေါင်မြစ်ဝှမ်း ဒေသ နိုင်ငံတွေမှာ အသုံးများတဲ့ သီးနှံစုံ အခြောက်ခံ စက်ပဲ ဖြစ်ပါတယ် ၊ ဗီယက်နမ် နည်းပညာ နဲ့ ဒီဇိုင်းကို တရားဝင် ခွင့်ပြုချက် ရယူပြီးတော့ အပြည်ပြည် ဆိုင်ရာ ဆန်စပါး သုတေသန ဌာနရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ မှာ တပ်ဆင် ထုတ်လုပ် နေတာ ဖြစ်ပါတယ် ၊ ယနေ့ ဆိုရင် မဲခေါင် မြစ်ဝှမ်း ဒေသမှာ သီးနှံစုံ အခြောက်ခံ စက်ပေါင်း အလုံး ၇၀၀၀ ကျော်လောက် ရှိနေပြီ ဖြစ်ပါတယ် ... " ဟု အဆိုပါ သီးနှံစုံ အခြောက်ခံစက် အား မြန်မာနိုင်ငံ တွင် တပ်ဆင် ထုတ်လုပ် နေသူ ပိုင်အိုးနီးယား ရိတ်သိမ်း ချိန်လွန် နည်းပညာ ဖွံ့ဖြိုးမှု အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြား ခဲ့သည်။

စပါး ၊ ပြောင်း ၊ ပဲအမျိုးမျိုး ( မတ်ပဲ ၊ ပဲတီစိမ်း ) မြေပဲ ၊ နှမ်း ၊ နေကြာစေ့ နှင့် ကော်ဖီ အစရှိသော စိုက်ပျိုးရေး ထွက်ကုန် သီးနှံစုံအား ခြောက်သွေ့ စေရန် နှင့် အရည် အသွေး ကောင်းမွန် စေရန် ယင်း သီးနှံစုံ အခြောက်ခံစက် အား အသုံးပြု နိုင်ကြောင်း နှင့် အားသာချက် မှာ ရာသီဥတု ၏ အကန့်အသတ် ကို ကျော်လွှား နိုင်ခြင်း ၊ သီးနှံများ၏ လေလွှင့် ဆုံးရှုံးမှု ကို အပြည့်အ၀ အကာ အကွယ် ပေးနိုင်ခြင်း ၊ အထူးသဖြင့် ပြောင်းဖူး တွင် အယ်လ်ဖာ တောက်ဆင်မှို မဖြစ်နိုင် တော့ခြင်း ၊ စက်လည်ပတ် ရန် စွမ်းအင် ရယူမှု တွင် စပါးခွံ ၊ ပြောင်းဖူး အူတိုင် ၊ မြေပဲခွံ တို့ကို အသုံးပြု နိုင်ခြင်း ၊ စပါး ဖြစ်ပါက စပါးမျိုး ပေါက်နှုန်း ကို မထိခိုက်ခြင်း တို့ ဖြစ်ကြောင်း သိရသည်။

" ဒီ သီးနှံစုံ အခြောက်ခံစက် ဟာ ဗီယက်နမ် နိုင်ငံမှာ ၂၅ နှစ်တိုင် သုတေသန ပြုလုပ် ပြီးမှ ထွက်ပေါ် လာတဲ့ ဒီဇိုင်း ဖြစ်သလို လက်ရှိ မဲခေါင် မြစ်ဝှမ်း နိုင်ငံတွေမှာ လက်ခံ သုံးစွဲ နေတဲ့ စက်လည်း ဖြစ်ပါတယ် ၊ ဗီယက်နမ် နိုင်ငံမှာ ရာသီဥတု အခြေအနေ ပေးတဲ့ အတွက် စပါးကို နေနဲ့ အခြောက်လှမ်း သော်လည်း ပဲ ကနဦး အစိုဓာတ် ၁၈ ရာခိုင်နှုန်း အထိ ရောက်အောင် နေလှန်း ပြီးတဲ့ အခါမှာ အစိုဓာတ် ကို ၁၄ ရာခိုင်နှုန်း ရောက်အောင် အခြောက်ခံစက် များနဲ့ပဲ ဆက်လက် ဆောင်ရွက် ကြပါတယ် ၊ ဒါဟာ ဒီစက်တွေရဲ့ အားသာချက် တွေကြောင့်ပါ ..... " ဟု ပိုင်အိုးနီးယား ရိတ်သိမ်း ချိန်လွန် နည်းပညာ ဖွံ့ဖြိုးမှု အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်ကျော် က ရှင်းပြသည်။

မြန်မာနိုင်ငံ ၏ လယ်ယာကဏ္ဍ တွင် ၂၀၀၅ ခုနှစ် နောက်ပိုင်း မှ စတင်ကာ ရာသီဥတု ကန့်သတ်ချက် ကို ကျော်လွှားရန် စပါး အခြောက်ခံစက် များကို ပြည်တွင်း၌ ထုတ်လုပ် သုံးစွဲလျက် ရှိရာ မြန်မာ တစ်နိုင်ငံလုံး ပြည်တွင်းထုတ် စပါး အပါအ၀င် သီးနှံစုံ အခြောက်ခံစက် အလုံးပေါင်း ၁၀၀၀ ကျော် ရှိမည်ဟု သုတေသီ များက ခန့်မှန်း ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger