www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 28, 2013

Martime Training Centre ( PGI ) Deck Officer Class III သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ပွဲ အခမ်းအနား


ရန်ကုန် ၊ ၂၈-၃-၂၀၁၃

ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော Martime Training Centre ( PGI ) Deck Officer Class III သင်တန်း အပတ်စဉ် (၄/၂၀၁၁) သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ၊ နတ်မောင်လမ်း ရှိ ချက်ကရီယံ ဟိုတယ်၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောထွန်း အောင်မြင့် ၊ ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမော် ၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး နှင့် သင်္ဘော ကုမ္ပဏီများ မှ တာဝန်ရှိ သူများ ၊ သင်တန်းသား များနှင့် မိသားစုဝင်များ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး က " ကုန်စည်များ သယ်ယူရာတွင် ဈေးနှုန်း အသက်သာဆုံး နှင့် အများဆုံး သယ်ယူ နိုင်တဲ့ အတွက် ပင်လယ် ရေကြောင်း ပို့ဆောင်ရေး သည် အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်ကြောင်း ၊ ကြိုတင် ခန့်မှန်းလို့ မရနိုင်တဲ့ မိုးလေ၀သ အခြေအနေ ၊ ပင်လယ်ပြင် အနေအထား တို့ကြောင့် ဘေးအန္တရာယ် ရှိတဲ့ လုပ်ငန်း တစ်ခု ဖြစ်တဲ့အတွက် လက်တွေ့တွင် မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်ဖို့ အရည်အချင်း ပြည့်ဝဖို့ လိုကြောင်း ... " တို့နှင့် စပ်လျဉ်း၍ နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ယင်းနောက် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်း နှင့် Chief Instructor Capt စိုးလွင် တို့က သင်တန်းသား များ၏ လိုအပ်ချက် နှင့် စပ်လျဉ်း၍ အမှာစကား ပြောကြား ကြသည်။

ဆက်လက်၍ Martime Training Centre ( PGI ) ၏ ကျောင်းအုပ်ကြီး Capt မျိုးညွန့်အောင် က " ရေကြောင်း ပညာရပ်သည် ကျယ်ပြန့် သည့်အတွက် လေ့လာ သင်ယူ၍ မဆုံးနိုင်သော ပညာရပ် တစ်ခု ဖြစ်ကြောင်း ၊ သင်္ဘော အသီးသီးတွင် အရာရှိငယ် ရာထူး တာဝန် ထမ်းဆောင် ကြတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံ နှင့် လူမျိုးဂုဏ်ကို ဆောင်ကြရန် ကြိုးစား စေလိုကြောင်း နှင့် အနာဂတ် မျိုးဆက်သစ် များအတွက် စံပြ အတုယူ နိုင်လောက်သည့် အရာရှိများ  ဖြစ်အောင် ၊ တာဝန် ကျေပွန်အောင် ထမ်းဆောင် ကြစေလိုကြောင်း .... " တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြား သည်။

ယင်းနောက် သင်တန်းတွင် Best Candidate Prize ဆုရ မောင်ရဲကိုသူ အား ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ကလည်းကောင်း ၊ Academic First Prize ဆုရ မောင်ကောင်းထက်ဇော် အား ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး ကလည်းကောင်း ၊ Academic Second Prize ဆုရ မောင်တင့်ထူးလွင် နှင့် Academic Third Prize ဆုရ မောင်ကျော်ကျော်အောင် တို့အား တာဝန်ရှိ ပုဂ္ဂိုလ် များမှလည်းကောင်း အသီးသီး ဆုများ ချီးမြှင့် ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ကြီး က သင်တန်းသား များအား သင်တန်းဆင်း အောင်လက်မှတ် များ အသီးသီး ပေးအပ်ခဲ့ပြီး သင်တန်းသား များကိုယ်စား Best Candidate Prize ဆုရ မောင်ရဲကိုသူ က ကျေးဇူးတင် စကား ပြန်လည် ပြောကြားပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကြသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၄၂ ဦး တက်ရောက် ခဲ့ကြပြီး သင်တန်း ကာလမှာ ၁၀ လ ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger