www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 16, 2013

မလေးရှားနိုင်ငံ၏ အဆင့်မြင့် ကျန်းမာရေး ၀န်ဆောင်မှုများနှင့် ပတ်သက်သည့် ရှင်းလင်းပွဲကျင်းပ



ရန်ကုန် ၊ ၁၆-၃-၂၀၁၃


မလေးရှား နိုင်ငံ၏ အဆင့်မြင့် ကျန်းမာရေး ၀န်ဆောင်မှု များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ များတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ရန်ကုန်မြို့တွင် အဆိုပါ ရှင်းလင်းပွဲကို ပြီးခဲ့သည့် မတ်လ ၁၄ နှင့် ၁၅ ရက်နေ့ များတွင် ပြုလုပ်ခဲ့ကာ ဆက်လက်၍ မန္တလေးမြို့တွင် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့ များတွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲ၌ မလေးရှား နိုင်ငံမှ ဆေးတက္ကသိုလ် များနှင့် ဆေးဘက် ဆိုင်ရာ အဖွဲ့အစည်း များမှ ဆရာဝန်ကြီး များနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များက တက်ရောက် ရှင်းလင်း ကြသည်။ ရှင်းလင်းပွဲတွင် မလေးရှား နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ပညာရေးများ ၊ မလေးရှား လူမျိုးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ၊ နှလုံးရောဂါ ကုထုံးများ ၊ ဒူးဆစ်တစ်ခုလုံး အစားထိုး ခွဲစိတ်ကုသမှု ၊ အ၀လွန်ရောဂါ ၊ နှလုံးရောဂါ ၊ ကင်ဆာရောဂါ ၊ ဓာတ်ရောင်ခြည် ဗေဒ ၊ ဖန်ပြွန် သန္ဓေသား နှင့် ပတ်သက်သည့် ဆေးပညာ ဆိုင်ရာ ဟောပြော ဆွေးနွေးမှု များကို University of Malaya Medical Centre ၊ Island Hospical Pangng ၊ NCI Hospital ၊ Mahkota Medical Centre ၊ Sinme Darby Medical Centre တို့မှ ဆရာဝန်ကြီး များက ရှင်းလင်း ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ၏ အဆင့်မြင့် ကျန်းမာရေး ၀န်ဆောင်မှု နှင့် ပတ်သက်၍ လည်းကောင်း ၊ ဆေးဘက်ဆိုင်ရာ ပညာရေး နှင့် ပတ်သက်၍သော် လည်းကောင်း အသေးစိတ် သိရှိလိုပါက Malaysia Healthcare Travel Council , Phone- 0973 1163 65 သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger