www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2013

သန်လျင်မြို့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ



ရန်ကုန် ၊ ၁၉-၂-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် တောင်ပိုင်းခရိုင် ၊ သန်လျင်မြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် စေတီတော် ဓာတ်လှေကား ဆောင်ရှေ့တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွဲတော်အား ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၊ သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး နှင့် စေတီတော် ဂေါပက အဖွဲ့ ဥက္ကဋ္ဌ တို့ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ရန်ကုန် တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး က ပွဲတော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးပြီးနောက် စေတီတော် ရင်ပြင်အား လှည့်လည် ဖူးမြော် ကြည်ညို ကြသည်။

သန်လျင်မြို့ ၊ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ် တပို့တွဲလ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးအား ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၆ ရက်နေ့ အထိ အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ ၊ ရွှေသင်္ကန်း ကပ်လှူပွဲ ၊ ဗုဒ္ဓ ဘိသေက အနေကဇာ တင်ပွဲ ၊ ဆီမီး ပူဇော်ပွဲ ၊ ဆွမ်းတော်ကြီး ကပ်လှူ ပူဇော်ပွဲ ၊ ထမနဲ ထိုးပွဲ ၊ မြန်မာ့ ရိုးရာ ခြင်းလုံးအလှ ခတ်ပွဲ ၊ ဇာတ်သဘင် ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger