www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 27, 2013

ထိုင်းနှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ခြင်း


၂၇-၂-၂၀၁၃

ထိုင်းကာကွယ်ရေး ၀န်ကြီး လေတပ် ဗိုလ်ချုပ်ကြီး ဆူကမ်ပို ဆူဝမ်နာတက် နှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး တီးဘန့် တို့အကြား နယ်စပ် ပဋိပက္ခ များနှင့် ပတ်သက်၍ ကျင်းပ ပြုလုပ်မည့် အစည်းအဝေး ကို အကန့်အသတ် မရှိ ရွှေ့ဆိုင်း ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် Bangkok Post သတင်း အရ သိရှိရသည်။

ကနဦးတွင် အဆိုပါ အစည်းအဝေး ကို ပရဗီဟာ ဘုရားကျောင်း ပတ်ဝန်းကျင် နယ်မြေတွင် ကျင်းပရန် စီစဉ် ထားခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံက Surin ပြည်နယ်ရှိ Surin Majestic ဟိုတယ်တွင် ပြောင်းလဲ ကျင်းပရန် စီစဉ် ခဲ့ကြောင်း နှင့် ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီး တီးဘန့် သည် အဆိုပါ အစည်းအဝေး ကျင်းပမည့် နေရာ ပြောင်းလဲမှု နှင့် ပတ်သက်၍ အစောပိုင်းက သဘောတူ ခဲ့သော်လည်း ထိုသို့ နေရာ ပြောင်းလဲ ခြင်းကြောင့် အစည်းအဝေး ကို ရွှေ့ဆိုင်းရေး ကမ္ဘောဒီးယား နိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အဆိုပြု ခဲ့ကြောင်း ၊ ထိုင်း ကာကွယ်ရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။

နှစ်နိုင်ငံ အငြင်းပွား နေသည့် နယ်မြေတွင် အစည်းအဝေး ကျင်းပလိုက်ခြင်း သည် ထိုင်းနိုင်ငံ အတွက် အားနည်းချက် ဖြစ်စေနိုင် သောကြောင့် ထိုကဲ့သို့ အစည်းအဝေး ကျင်းပမည့် နေရာကို ရွှေ့ပြောင်း လိုက်ခြင်း ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ဌာနက ပြောကြား ခဲ့သည်။ အဆိုပါ အစည်းအဝေး ကို နိုင်ငံတကာ တရားရုံးက ပရဗီဟာ ဘုရာင်းကျောင်း ပတ်ဝန်းကျင် ဧရိယာ နှင့် ပတ်သက်၍ တရားစီရင်မှု မတိုင်မီ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက်တွင် တင်းမာမှု လျော့ပါးစေရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Bangkok Post

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger