www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 1, 2013

စာအုပ်ဈေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲတွင် စည်ကား


ရန်ကုန် ၊ ၁-၂-၂၀၁၃

မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်းမှ ကြီးမှူး၍ စာအုပ် ဈေးရောင်း ပွဲတော်နှင့် စာပေ ဟောပြောပွဲ ကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ၊ မြို့မကျောင်းလမ်း ရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပရာ စာအုပ် ဈေးရောင်း ပွဲတော်တွင် စာအုပ်ချစ် ပရိသတ်များ စာပေ လေ့လာ လိုက်စားသူများ ဖြင့် စည်ကား များပြားလျက် ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ် ဈေးရောင်း ပွဲတော်တွင် ရန်ကုန်မြို့ပေါ်ရှိ စာအုပ်တိုက်များ ၊ စာပေတိုက်များ ၊ ဂျာနယ်တိုက်များ ၊ မဂ္ဂဇင်း များနှင့် နာမည်ကြီး စာအုပ်ဆိုင် ကြီးများမှ သုတ ၊ ရသ ၊ ဂန္ထ၀င် စာအုပ်များ ၊ သမိုင်းဝင် စာအုပ် စာပေပြခန်းများ အပါအ၀င် စာအုပ် တိုက်ပေါင်း ၁၀၀ ကျော်၏ စာအုပ် မျိုးစုံကို တစ်နေရာ တည်းတွင် ဈေးနှုန်း ချိုသာ စွာဖြင့် ၀ယ်ယူ လေ့လာခွင့်များ ရရှိမည် ဖြစ်သည်။ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ လာမည့် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ခင်းကျင်း ပြသ သွားမည် ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger