www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 27, 2016

Senior General Min Aung Hlaing meets General Prem Tinsulanonda


Senior General Min Aung Hlaing cordially meets with General Prem Tinsulanonda, Head of the Privy Council of the King of Thailand.

Nay Pyi Taw May 27

Commander-in-Chief of Defence Services Senior General Min Aung Hlaing met General Prem Tinsulanonda, Head of the Privy Council of the King of Thailand, at the latter’s residence at 3 pm local standard time yesterday. 

Also present at the call were members of the Myanmar delegation, Myanmar Ambassador to Thailand U Win Maung, Myanmar Military Attaché (Army, Navy and Air) Brig-Gen Chit Swe.

General PremTinsulanonda was accompanied by Chief of Defence Forces of the Royal Thai Armed Forces General Sommai Kaotira and senior military officers from the Royal Thai Armed Forces.

The Senior General and the Head of the Privy Council of the King of Thailand exchanged gifts after the meeting. They then posed for documentary photo together with their members. (100)

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်လုပ်ငန်း သို့ သွားရောက် လေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗန်ကောက်မြို့ ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစဉ်

ဗန်ကောက်မြို့ ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၂၅ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် ဗန်ကောက်မြို့ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ် လုပ်ငန်းသို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်လုပ်ငန်း မှ CEO ဖြစ်သူ Mr. Thapana Sirivadhanabhakdi နှင့် တာဝန်ရှိသူ များက ကုန်ထုတ်လုပ်မှု အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာ ကြသည်။

Oishi Group ကုန်ထုတ်လုပ်ငန်း သည် Thai Bev Group ၏ လက်အောက်ခံ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည် ထုတ်ကုန် လုပ်ငန်းကို တိုးချဲ့ရန် အဓိက အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက် ကုန်ကြမ်းဖြင့် Green Tea အဆင့်မြင့် ဖျော်ရည် အမျိုးမျိုးကို ထုတ်လုပ်နေသော လုပ်ငန်း တစ်ခုဖြစ်ပြီး စက်ရုံများမှ လစဉ် ဖျော်ရည်ဘူး မျိုးစုံ ၇၅ သန်းခန့် ထုတ်လုပ် ရောင်းချလျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Senior General Min Aung Hlaing and party visit Thai Bev Group Industry (Oishi Group)


Senior General Min Aung Hlaing and party study the production process of the soft drink at the Thai Bev Group Industry (Oishi Group).

Nay Pyi Taw May 27

The Myanmar Tatmadaw goodwill delegation led by Commanderin- Chief of Defence Services Senior General Min Aung Hlaing visited Thai Bev Group Industry (Oishi Group) in Bangkok at 4 pm local standard time on 25 May.

Chief Executive Officer Mr. Thapana Sirivadhanabhakdi of Thai Bev Group Industry (Oishi Group) and officials briefed the Senior General and party on production process. Then, the Senior General and party visited the factory.

Oishi Group, one of the branches of Thai Bev Group Industry (Oishi Group), is implementing the project to extend the soft drink production without ingredient of alcohol. It is an industry to manufacture green tea and various sorts of advanced beverages with the use of tea produced from Chiang Rai region of Thailand. Its factories produce and sell about 75 million bottles of beverages per month. (100) 

The Myawady Daily

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့်ဇနီး Major General Rachada Kaotira တို့ ဖျော်ဖြေရေး အဖွဲ့ဝင်များနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်စဉ်


နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira  နှင့်ဇနီး Major General Rachada Kaotira တို့က မေ ၂၅ ရက် ဒေသ စံတော်ချိန် ည ၈ နာရီတွင် ဗန်ကောက်မြို့ရှိ Siam Kempinski Hotel Chadhra Ballroom ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ရန် Siam Kempinski Hotel Chadhra Ballroom သို့ရောက်ရှိ လာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ ဂုဏ်ပြုညစာ စားပွဲ အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင် နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ နှင့်ဇနီးတို့ တက်ရောက် ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အဖွဲ့ဝင်များနှင့် အတူ ညစာ အတူတကွ သုံးဆောင် ကြသည်။

ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ထိုင်းဘုရင့် တပ်မတော် တေးဂီတအဖွဲ့နှင့် ထိုင်းရိုးရာ ယဉ်ကျေးမှု အဖွဲ့တို့က ရိုးရာအကများ၊ တေးသီချင်း များဖြင့် ကပြဖျော်ဖြေ ကြသည်။

ညစာစားပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ဖျော်ဖြေရေး အဖွဲ့ဝင်များအား ဂုဏ်ပြု အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက် ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger