www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 27, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်လုပ်ငန်း သို့ သွားရောက် လေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗန်ကောက်မြို့ ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစဉ်

ဗန်ကောက်မြို့ ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၅-၂၀၁၆

ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မေ ၂၅ ရက် ဒေသ စံတော်ချိန် ညနေ ၄ နာရီတွင် ဗန်ကောက်မြို့ရှိ Thai Bev Group Industray ( Oishi Group ) ကုန်ထုတ် လုပ်ငန်းသို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား Thai Bev Group Industray ( Oishi Group ) ကုန်ထုတ်လုပ်ငန်း မှ CEO ဖြစ်သူ Mr. Thapana Sirivadhanabhakdi နှင့် တာဝန်ရှိသူ များက ကုန်ထုတ်လုပ်မှု အခြေအနေ များကို ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာ ကြသည်။

Oishi Group ကုန်ထုတ်လုပ်ငန်း သည် Thai Bev Group ၏ လက်အောက်ခံ လုပ်ငန်းခွဲ တစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည် ထုတ်ကုန် လုပ်ငန်းကို တိုးချဲ့ရန် အဓိက အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း နှင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက် ကုန်ကြမ်းဖြင့် Green Tea အဆင့်မြင့် ဖျော်ရည် အမျိုးမျိုးကို ထုတ်လုပ်နေသော လုပ်ငန်း တစ်ခုဖြစ်ပြီး စက်ရုံများမှ လစဉ် ဖျော်ရည်ဘူး မျိုးစုံ ၇၅ သန်းခန့် ထုတ်လုပ် ရောင်းချလျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger