www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 22, 2013

ငမိုးရိပ် ရေသန့်စင်စက်ရုံမှ မကြာမီ သောက်သုံးရေ ငါလန် ၄၅ သန်း ထပ်မံ ဖြည့်တင်းပေးဝေမည်



ရန်ကုန် ၊ ၂၂-၅-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ မှော်ဘီမြို့နယ် ၊ ညောင်နှစ်ပင် စခန်း အနီးရှိ ရန်ကုန် မြို့တော် ရေပေးဝေရေး စီမံကိန်း ( ငမိုးရိပ် ) ရေသန့်စင် စက်ရုံမှ ဒုတိယအဆင့် စီမံကိန်း လုပ်ငန်းသည် ရာခိုင်နှုန်းပြည့် နီးပါး ပြီးစီး နေပြီဖြစ်၍ မကြာမီ ကာလ အတွင်း ဖွင့်လှစ်ကာ ရန်ကုန်မြို့တော် သို့ ကျန်းမာရေး နှင့် ညီညွတ်သော သန့်ရှင်း ကြည်လင် သည့် သောက်သုံးရေး ဂါလန် ၄၅ သန်း နေ့စဉ် ထပ်မံ ဖြန့်ဝေ ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့နေ ပြည်သူများ အတွက် လိုအပ်သည့် သောက်သုံးရေ များကို ရေလှောင်ကန်ကြီး များဖြစ်သည့် ဂျိုးဖြူ ၊ ဖူးကြီး ၊ လှော်ကား ၊ ငမိုးရိပ် ရေသန့်စင် စက်ရုံ နှင့် အ၀ီစိ စက်ရေတွင်း များမှ ဖြန့်ဝေ ပေးလျက်ရှိရာ နေ့စဉ် ရေဂါလန် သန်း ၁၆၀ ပေးဝေလျက် ရှိပြီး ရန်ကုန်မြို့နေ ပြည်သူ ငါးသန်းကျော် ကို လုံလောက်စွာ ဖြန့်ဝေ ပေးနိုင်ခြင်း မရှိသေး သည့်အတွက် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( ရေနှင့် သန့်ရှင်းရေး ) က ရေအရင်းအမြစ် များ ရှာဖွေ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အလားတူ ဒဂုံမြို့သစ် ( တောင်ပိုင်း ) မြို့နယ် အမျတ်(၂) လမ်းရှိ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လဂွန်းပြင် ရေပေးဝေရေး စီမံကိန်း လုပ်ငန်း အနေဖြင့် ၂ နှစ်နီးပါး ကြာမြင့်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးစီးမည် ဖြစ်၍ စီမံကိန်း လုပ်ငန်း ပြီးစီးပါက အဓိက ရေလိုအပ်လျက် ရှိသော ဒဂုံမြို့သစ် (တောင်ပိုင်း) ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် များသို့ သောက်သုံးရေ ဖြန့်ဝေ ပေးနိုင်မည် ဖြစ်သည်။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းရေး ) သည် မြို့တော်နေ ပြည်သူများအား နွေအတွက် ရေအခက် မကြုံရန် ထန်းတပင် မြို့နယ်ရှိ ကုက္ကိုဝ မြစ်ရေတင် စီမံကိန်း နှင့် မှော်ဘီမြို့နယ် ရှိ ကွေ့တန်းရှည် လှိုင်မြစ် ရေတင် စီမံကိန်း ကိုလည်း အကောင် အထည်ဖော် ဆောင်ရွက် သွားရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၂-၅-၂၀၁၃) ဗုဒ္ဓဟူးနေ့





Download = Minus
Download = Dev-Host
Download = ShareBeast

http://themyawadydaily.blogspot.com/2013/05/blog-post_9038.html


Tuesday, May 21, 2013

ထိုင်းဝန်ကြီးချုပ် နှင့် တောင်ကိုရီးယား ၀န်ကြီးချုပ်တို့ တွေ့ဆုံ ဆွေးနွေး


Chung Hong-won နှင့် ယင်လပ် တို့တွေ့ဆုံစဉ်

၂၁-၅-၂၀၁၃

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှီနာ ၀ပ်ထရာ နှင့် တောင်ကိုရီးယား ၀န်ကြီးချုပ် Chung Hong-won တို့သည် မေလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၌ ကျင်းပသည့် ဒုတိယ အကြိမ် အာရှ - ပစိဖိတ် ရေအရင်းအမြစ် ဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲ ၏ ဘေးပန်း ဆွေးနွေးမှု အဖြစ် တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း အရ သိရသည်။

ထိုင်းအစိုးရ ၏ ဘတ် ၃၅၀ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ) တန်ဖိုးရှိ ရေအရင်းအမြစ် စီမံခန့်ခွဲရေး စီမံကိန်း အတွက် ပါဝင် ယှဉ်ပြိင်ခဲ့သော တောင်ကိုရီးယား နိုင်ငံ၏ ရေအရင်းအမြစ် ကော်ပိုရေးရှင်း K- Water ကုမ္ပဏီသည် အနိုင် ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ၊ အဆိုပါ ကုမ္ပဏီ သည် ၄င်း စီမံကိန်းကို စီမံ ဆောင်ရွက်ရန် အသင့် ရှိနေကြောင်း ၊ ၄င်း ကုမ္ပဏီ သည် သဘာဝ ဘေးအန္တရာယ် များ ၊ ရေလွှမ်းမိုးမှု များနှင့် မိုးခေါင် ရေရှားမှု တို့ကို စီမံ ခန့်ခွဲရာတွင် အတွေ့အကြုံ နှင့် နည်းပညာ တို့ကို ထိုင်းနိုင်ငံ အား လက်ဆင့်ကမ်း ပေးရန် အသင့်ရှိကြောင်း ၀န်ကြီးချုပ် Chung Hong-won က ပြောကြား ခဲ့သည်။

တောင်ကိုရီးယား အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ၏ ထားဝယ် ရေနက် ဆိပ်ကမ်း နှင့် အထူးစီးပွားရေး ဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ထိုင်းနိုင်ငံက ဖိတ်ခေါ် ပါကြောင်း ၊ ထိုင်း အစိုးရ၏ မြန်နှုန်းမြင့် မီးရထား ကွန်ရက် တွင်လည်း ထောက်ကူ ပေးရန်နှင့် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ပါကြောင်း ထိုင်း ၀န်ကြီးချုပ် က ပြောကြား ခဲ့သ်ည။ ထိုင်းနိုင်ငံ၏ ရေအရင်းအမြစ် စီမံခန့်ခွဲရေး စီမံကိန်း တွင် ကုမ္ပဏီ ၄ ခု ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ၄င်း ကုမ္ပဏီ ၄ ခုမှာ တောင်ကိုရီးယား မှ K - Water ကုမ္ပဏီ ၊ အီတလီ - ထိုင်း ဖွံ့ဖြိုး တိုးတက်ရေး ( ITD ) ဆိုင်ရာ Power China ပူးတွဲ စီးပွားရေး လုပ်ငန်း ကော်မတီ ၊ Summit SUT ပူးတွဲ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ နှင့် Loxly Consortium ကုမ္ပဏီ တို့ ဖြစ်သည်ဟု သိရှိရသည်။

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၇)




မိုးသောက်ပန်းဂျာနယ် အတွဲ(၁၆) အမှတ်(၂၇)
( ၂၁-၅-၂၀၁၃ ရက်နေ့ထုတ် )

Download = Minus
Download = Dev-Host


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger