www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲတံခါး ကျိုးပေါက်မှုကြောင့် ရေကြီးနစ်မြုပ် မှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်







နေပြည်တော် ၃၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲတံခါးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အရှည် ပေ ၃၆၀ ခန့်ကျိုးပေါက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၈ စုမှ ကျေးရွာ ၈၅ ရွာမှ ဒေသခံပြည်သူများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၈ စု၊ ကျေးရွာပေါင်း ၈၅ ရွာ၊ အိမ်ခြေ ၁၀၉၁၆၊ အိမ်ထောင်စု ၁၀၉၃၈ စု၊ လူဦးရေ ၄၉၃၈၂ ဦး၊ ရေဘေးသင့်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအတွက် ရေတာရှည်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၇ ခုနှင့် တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားရှိခဲ့ကာ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါဆွာရေလှောင်တမံမှ ထပ်မံရေကျော်ကျမှုမရှိ ကြောင်းနှင့် ရေ၀င်ခဲ့သည့် နေရာများတွင် ရေကျဆင်းသွားသဖြင့် ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများ ၊ ရေသန့်နှင့် ဆန်အိတ်များကို တပ်မတော်ပိုင် အသက်ကယ်ဖိုက်ဘာလှေများဖြင့် ကျေးရွာ များသို့ သွားရောက်ပေးပို့ခဲ့သည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာနေရာများသို့ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တောင်ငူနှင့် ရေတာရှည်တပ်နယ်တို့မှ တပ်မတော်သားများက တပ်မတော်ပိုင် မော်တော်ယာဉ် ၂၉ စီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းသည် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆွာချောင်းတံတား၌ နေရပ်ပြန်ရေဘေးသင့်ပြည်သူများ အား လိုက်လံပို့ဆောင်ပေးနေမှု များ၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ ယာယီဘေလီတံတား တည်ဆောက်နေမှု၊ ကေတုမတီမြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများ ကို တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)



ရတနာပုံနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)

Download Links

မြဝတီနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)



မြဝတီနေ့စဉ်သတင်းစာ (၃၁-၈-၂ဝ၁၈)

Download Links

Thursday, August 30, 2018

လက်ရှိ ပရီးမီးယားလိဂ် နည်းပြ ၁၉ ဦးပေါင်းလျှင်ပင် မိမိအောင်မြင်မှုကိုမမီဟု မော်ရင်ဟိုဆို အသင်းကစားပုံနှင့် စုစည်းမှု ကောင်းခြင်းကို မီဒီယာများ အပြစ်တင်မှုဆီ ဆွဲခေါ်နေဟု ခွန်းတုံ့ပြန်



မန်ချက်စတာ ၃ဝ-၈-၂ဝ၁၈

မန်ယူအသင်းသည် ယမန်နေ့နံနက်က စပါး အသင်းနှင့်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ သုံးဂိုးပြတ်ဖြင့်ရှုံးနိမ့်ပြီး ရာသီအဖွင့် သုံးပွဲကစားအပြီး နောက်ဆုံး နှစ်ပွဲဆက်ရှုံးနိမ့်သဖြင့် ၂၆ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်၊ မော်ရင်ဟို၏ နည်းပြသက်တမ်းတစ် လျှောက် အဆိုးရွားဆုံး အိမ်ကွင်းရလဒ်စသည့် စံချိန် ဆိုးများရရှိသော်လည်း ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက မိမိသည် လက်ရှိ ပရီးမီးယားလိဂ်နည်းပြ ၁၉ဦးအနက် အအောင် မြင်ဆုံး နည်းပြအဖြစ် ရှိနေသေးပြီး မိမိချယ်လ်ဆီးနှင့် ရထားသည့် ပရီးမီးယားလိဂ် ဖလားသုံးလုံးစံချိန်ကို နည်းပြ ၁၉ ဦးပေါင်းလျှင်ပင် မရနိုင်သဖြင့် လေးစားသမှု ထားရန် ဒေါသတကြီး တုံ့ပြန်ပြောကြားသည်။

မန်ယူအသင်း ခံစစ်သည် ပရီးမီးယားလိဂ် သုံးပွဲကစား အပြီး ခုနစ်ဂိုးပေးထားရကာ နောက်ဆုံးနှစ်ပွဲမှာပင် ခြောက်ဂိုး ပေးရသဖြင့် အသင်းအင်အားမှာတောင့် တင်းခြင်းမရှိ၊ ခံစစ်မှူးကောင်းများထပ်မံလိုအပ်သည့် အနေ အထားမျိုး ဖြစ်နေသလားဟု မီဒီယာများက ဦးစွာ မေးမြန်းရာ မော်ရင်ဟိုက ''ဈေးကွက်က ပိတ်သွားပြီ။ ဇန်နဝါရီ ၁ ရက်မှ ပြန်ဖွင့်မှာဖြစ်လို့ ဒီအကြောင်း ဘာမှ ထပ်ပြောစရာမရှိဘူး။ ဒီပွဲကို ကြည့်လိုက်ရတဲ့ လူတိုင်းက ကျွန်တော့်အသင်း စုစည်းမှုဘယ်လောက် ရှိသလဲဆိုတာ သိမှာပါ။ အသင်းက စုစည်းမှုမရှိရင် ကစားသမား တွေလည်း ရှိသမျှအစွမ်းကုန်ပေးကစား မှာမဟုတ်ဘူး။ ဒါကြောင့် စုစည်းမှုအကောင်းဆုံးနဲ့ ပထမပိုင်း တစ်လျှောက်လုံး အကောင်းဆုံးကစားနိုင်တဲ့ ကျွန်တော့် ကစားသမားတွေကို စုစည်းမှုမရှိဘူး ဆိုတဲ့မဟုတ်မမှန် တာတွေ ပြောဖို့ မလုပ်ကြပါနဲ့။ မန်ယူ ပရိသတ်ကလည်း ပွဲအပြီးမှာ အသင်းကစားပုံကို ကျေနပ်လို့ လက်ခုပ်တီးပြီး အားပေးသူတွေရှိခဲ့တယ်။ သူတို့ရဲ့အားပေးပုံက အံ့မခန်းပါပဲ။ အကောင်းဆုံး ပရိသတ်ပါ။ ပွဲမပြီးမီကွင်းထဲက ထွက်သွားကြတယ် ဆိုတာကလည်း ကိုယ်ဆိုရင်လည်း သုံးဂိုးပြတ်ရှုံးနေမှတော့ သူတို့လိုပဲလုပ်ဖြစ်မှာပါ။ ကစားသမားတွေရတဲ့ လက်ခုပ်သံကလည်း ထိုက်တန်လို့ရတာပါ။ စပါးကို ထောင့်ကန်ဘောကနေ တစ်ဂိုးစပေး လိုက်ရပြီးနောက် ပွဲကပြောင်းလဲသွားတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် မှာတုန်းက ဆီဗီလာကို အိမ်ကွင်းမှာ ထိုက်ထိုက်တန်တန်ရှုံးတော့လည်း ပရိသတ်က လှောင်ပြောင်ခဲ့တယ်။ ဒါမဆန်းပါဘူး။ ဘောလုံးမှာ အကောင်းဆုံး ဒိုင်လူကြီး အဖြစ် ဆုံးဖြတ်နိုင်တာကပရိသတ်ပါ။ ကျွန်တော်တို့ပရိသတ်က ခင်ဗျားတို့ရေးတာတွေမဖတ်ဘူး။ ရုပ်မြင်သံကြားကနေ သုံးသပ်ဝေဖန်နေတာတွေကိုမကြည့်ဘူး။ ဒီလောက်လည်း မညံ့ဘူး။ ဘောလုံးမှာ အရေး အကြီး ဆုံးကဘာလဲ။ ခင်ဗျားတို့ကိုမေးမယ်။ အသင်းကစားပုံကောင်းဖို့နဲ့ နိုင်ပွဲရဖို့မဟုတ်လား။ ကျွန်တော့်အသင်း ကစားပုံကောင်းခဲ့တာကို ပရိသတ်ကသိလို့ လက်ခုပ် တီးပြီး အားပေးခဲ့ကြတာပါ။ ခင်ဗျားတို့ကတော့ ဒီဖြစ်စဉ်ကို ပြစ်တင်ဝေဖန်စရာ လမ်းကြောင်းပြောင်း လုပ်ကြဦးမှာပါ''ဟု ပြောသည်။

သတင်းစာ ရှင်းလင်းပွဲမှ ခြေဆောင့်ပြီးထွက်မသွားမီ မော်ရင်ဟိုက လက်သုံးချောင်းထောင်ပြပြီး ''ခင်ဗျားတို့ ပွဲရ လဒ်က ၃ ဂိုး-ဂိုးမရှိ ဆိုတာသိလား။ ဒါပေမဲ့ အခုပြတဲ့ လက်သုံးချောင်းအဓိပ္ပာယ်က ကျွန်တော် ရခဲ့တဲ့ ပရီးမီးယား လိဂ် ဖလားသုံးကြိမ်ကိုပြောတာ။ လက်ရှိ တခြားနည်းပြ ၁၉ ယောက်ပေါင်း ထက်ပိုများတယ်''ဟု ပြောသည်။

# မြဝတီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger