www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 3, 2017

ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ



နေပြည်တော် ၃-၄-၂၀၁၇

ပါကစ္စတန် ရေတပ်မှ စစ်ရေယာဉ် PNS SAIF သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့နံနက် ၇ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံ ဆိုင်ရာပါကစ္စတန် နိုင်ငံစစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက် ကြသည်။ 

အဆိုပါစစ်ရေယာဉ်တွင် ပါကစ္စတန်ရေတပ်မှ Commodore Zaka Ur Rehman ဖြစ်သူ ဦးဆောင်၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၉၇ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၅ ရက်အထိ လေးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့ ၀ါးခယ်မမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတြော်မစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့မှတပ်မတော်နယ်လှည့် အထူး ကုဆေးအဖွဲ့ များက ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ကလူနာ
တစ်ဦးကို ခွဲစိတ်ကုသပေးစဉ်။

နေပြည်တော် ၃-၄-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သော တပ်မတော်မြစ် တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ယနေ့တွင် ဝါးခယ်မ မြို့နယ်၊ စပါးရိုးကျေးရွာရှိ ဒေသခံပြည်သူ ၉၃၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၃၃ဝ ဦး၊ ခွဲစိတ်ရောဂါ ၉ဝ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၈ ဦး၊ ကလေးရောဂါ ၉၉ ဦး၊ အရိုးရောဂါ ၉ဝ ဦး၊ နား/ နှာခေါင်း/လည်ချောင်း ရောဂါ ၅၅ ဦး၊ မျက်စိ
ရောဂါ ၉၇ ဦးနှင့် သွားရောဂါ ၁ဝ၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ကိုးဦး၊ သွားရောဂါခွဲစိတ် လူနာ ၄၅ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၃ ဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၄ဝ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၅၄ ဦးတို့ကို ရောဂါရှာ ဖွေခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသတင်း ရရှိသည်။  

#Themyawadydaily

ရတနာပုံနေ့စဉ်သတင်းစာ (၃-၄-၂၀၁၇)


ရတနာပုံနေ့စဉ်သတင်းစာ (၃-၄-၂၀၁၇)

Download Links




မြ၀တီနေ့စဉ်သတင်းစာ (၃-၄-၂၀၁၇)


မြ၀တီနေ့စဉ်သတင်းစာ (၃-၄-၂၀၁၇)

Download Links




Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger