www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 16, 2015

ဝန်ထမ်းလျှော့ချမှု ပြုလုပ်နေသည့် စက်ရုံများကို သက်ဆိုင်ရာမှ ကြပ်မတ်စိစစ်၍ လိုအပ်မှသာ ခွင့်ပြုသွားမည်


ရန်ကုန် ၊ ၁၆-၉-၂၀၁၅

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ပြီးသည့် နောက်ပိုင်းတွင် စက်ရုံများ၌ ဝန်ထမ်း လျှော့ချမှုများ ရှိလာခဲ့ပြီး အဆိုပါ ဝန်ထမ်း လျှော့ချမှု ပြုလုပ်နေသည့် စက်ရုံများကို သက်ဆိုင်ရာမှ ကြပ်မတ် စိစစ်၍ လိုအပ်မှသာ လျှော့ချမှုကို ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။

လက်ရှိ အခြေအနေတွင် စက်ရုံများမှ လူအင်အား လျှော့ချမှုများ ဆက်တိုက် ဖြစ်ပေါ် လာသည့်အတွက် အမှန်တကယ် အော်ဒါမရခြင်း ဟုတ်၊ မဟုတ်နှင့် အခြား အခက်အခဲများ ရှိ၊ မရှိကို ယခင်ကထက် စိစစ်မှုများ ပိုမိုပြုလုပ် နေကြောင်း၊ လက်ရှိတွင် လူလျှော့ရန် တင်ပြခြင်း သာရှိပြီး စက်ရုံပိတ်ရန် တင်ပြခြင်းများ မရှိသေးကြောင်း သိရသည်။

စက်ရုံများတွင် အလုပ်သမား အင်အား လျှော့ချရခြင်း၏ အကြောင်း ပြချက်မှာ အနိမ့်ဆုံး လုပ်ခလစာ တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီ လုပ်အားခ အတွက် ကျပ် ၃၆ဝဝ သတ်မှတ်ခြင်း ကြောင့် မဟုတ်ဘဲ အလုပ်သမား များ၏ ကြိုးစား အားထုတ်မှု မရှိခြင်း၊ လုပ်ငန်းခွင် အတွင်း အလေးထား ဆောင်ရွက်မှု အားနည်းခြင်း၊ အော်ဒါ လက်ခံရရှိမှု နည်းပါးခြင်း၊ ကုန်ကျစရိတ် နှင့် ဝန်ဆောင်ခများ မြင့်တက် လာခြင်းနှင့် ကုန်ကြမ်း ရရှိမှု နည်းပါးခြင်း စသည့် အခက်အခဲ များကြောင့် ဖြစ်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၃)

မြ၀တီနေ့စဉ်သတင်းစာ (၁၆-၉-၂၀၁၅) ဗုဒ္ဓဟူးနေ့



မြ၀တီနေ့စဉ်သတင်းစာ (၁၆-၉-၂၀၁၅) ဗုဒ္ဓဟူးနေ့

Download Links


Tuesday, September 15, 2015

ပလူတိုဂြိုဟ်သိမ်၏ နောက်ဆုံးရဓာတ်ပုံ များကို နာဆာပြသ


Pluto As Seen By New Horizons

NASA’s New Horizons Finds Second Mountain Range in Pluto’s ‘Heart’

ဝါရှင်တန် ၊ ၁၅-၉-၂၀၁၅

မကြာသေးမီက ပလူတိုဂြိုဟ်သိမ်ကို အနီးကပ် ဖြတ်သန်းစူးစမ်း လေ့လာခဲ့သည့် New Horizon အာကာသယာဉ်မှ ဆက်လက် ပေးပို့နေသည့် အချက်အလက် များမှ ပလူတို ဂြိုဟ်သိမ်၏ နောက်ဆုံးရ ဓာတ်ပုံများကို နာဆာ က ပြသခဲ့ရာ အာကာသ စူးစမ်းလေ့လာရေး သမိုင်းတွင် ပထမဆုံးအကြိမ် မြင်တွေ့ ရသည့် ဓာတ်ပုံများ ဖြစ်သည့်အတွက် ပညာရှင်နှင့် လူထု စိတ်ဝင်စားမှု အထူးရရှိ နေကြောင်း သိရသည်။

'' ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ပုံတွေပါ။ ပလူတို ဂြိုဟ်သိမ်ရဲ့ အနေအထားဟာ နေနဲ့ကွာဝေး လွန်းတဲ့အတွက် မှောင်လွန်းနေတော့ ရောင်စုံဓာတ်ပုံ မရနိုင်ဘဲ အဖြူအမည်း ဓာတ်ပုံတွေပဲ ရတယ် ဆိုပေမယ့်လဲ အာကာသ စူးစမ်း လေ့လာရေး လောကအတွက် တော့ တန်ဖိုးမဖြတ် နိုင်တဲ့ အနီးကပ်ပုံတွေ ဖြစ်ပါတယ်။ ပလူတိုဂြိုဟ်ရဲ့ မျက်နှာပြင်ကို ဒီလောက် အနီးကပ် နဲ့ ဒီလောက် အသေးစိတ် တစ်ခါမှ မမြင်ဖူး ပါဘူး'' ဟု သုတေသီ များကြေ ပာပြသည်။ ယခု ဖော်ပြပါ ဓာတ်ပုံသည် ပလူတို ဂြိုဟ်သိမ်ပေါ်ရှိ Cthulhu Regio နှင့် Sputnik Planum ဒေသများ ဖြစ်ကြောင်း သိရသည်။

''ပလူတိုဂြိုဟ် ဟာ မြေမျက်နှာ သွင်ပြင် အမျိုးမျိုးနဲ့ သဘာဝ ဖြစ်စဉ် ထူးထွေဆန်းပြားစွာ တည်ရှိနေတာ ဖြစ်လို့ နေ အဖွဲ့အစည်း ထဲမှာ အထူးဆန်းဆုံး ဂြိုဟ်လို့ ပြောနိုင်ပါတယ်။ အခု မြင်တွေ့  နေရတာဟာ ဓာတ်ပုံ မို့လို့သာ ယုံရတယ်။ တကယ်တော့ သိပ်စိတ်ကူးယဉ် တတ်တဲ့ ပန်းချီဆရာက ရေးဆွဲထားတဲ့ စိတ်ကူးယဉ် ပန်းချီကားနဲ့ ပိုတူပါတယ် '' ဟု New Horizon ဆိုင်ရာ သုတေသန ဦးစီး အယ်လန်စတန်း က ပြောပြသည်။

New Horizon သည် လွန်ခဲ့သော ရက်သတ္တပတ်မှပင် ကြည်လင် ပြတ်သားသော ဓာတ်ပုံများကို စတင်ပေးပို့ နေခြင်းဖြစ်ကြောင်း၊ New Horizon ထံမှ အချက်အလက်များ အားလုံး ရရှိနိုင်ရန် အနည်းဆုံး တစ်နှစ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ပေးပို့နေသော ဓာတ်ပုံများသည် ၄ဝဝ Metere per Pixel ဖြစ်ကြောင်း၊ ထို့ကြောင့် ဂြိုဟ်မျက်နှာပြင် ပေါ်တွင် နိုက်ထရိုဂျင် ရေခဲပြင် စီးဆင်းနေပုံ၊ တောင်ကြား ချိုင့်ဝှမ်းများ ယှက်ဖြာ ရှုပ်ထွေးနေပုံ၊ သဲသောင်ပြင်များ ပုံစံအမျိုးမျိုးဖြင့် ဖြစ်တည်နေပုံ၊ တောင်စဉ် တောင်တန်းများ ပြန့်ကျဲ နေပုံ အစရှိသည်တို့ကို သဲကွဲ ရှင်းလင်းစွာ မြင်တွေ့ နေရပြီ ဖြစ်ကြောင်း သိရသည်။

''ပလူတိုဂြိုဟ် မျက်နှာပြင်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင် လိုပဲ ရှုပ်ထွေးနေပါတယ်။ အခု ဖော်ပြပါ ဓာတ်ပုံဟာ ပလူတိုရဲ့  အီကွေတာ အပိုင်းက ကီလိုမီတာ ၁၈ဝဝ ကို ကိုယ်စားပြု ပါတယ်။ ဒီဓာတ်ပုံ တွေကို ကီလိုမီတာ ၈ဝဝဝ အဝေးက ရိုက်ကူး ထားတာပါ '' ဟု အယ်လန် က ဆက်လက် ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)



#Yadanarpondaily

ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေးေ ဘးမဲ့တော မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ရန် စီစဉ်


ရန်ကုန် ၊ ၁၅-၉-၂ဝ၁၅

ကမ္ဘာ့အကြီးဆုံး ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောကို ပဲခူးရိုးမအတွင်း တည်ထောင် သွားရန် အပြည်ပြည်ဆိုင်ရာ တောတွင်း တိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့တစ်ခု ဖြစ်သော သြစတြီးယားနိုင်ငံ အခြေစိုက် FOUR PAWS International အဖွဲ့မှ ကမ်းလှမ်းလာ သဖြင့် ယခုအခါ ပြည်တွင်းပြည်ပ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ လေ့လာ ဆန်းစစ်မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်ထိန်းသိမ်းရေး ဘေးမဲ့တောတွင် ဆင်များသာမက တခြားတောရိုင်း တိရစ္ဆာ န်များနှင့် ကျေးငှက်မျိုးစုံ ကိုလည်း ဘေးမဲ့ပေးကာ ထိန်းသိမ်း စောင့်ရှောက်ရန် ရည်မှန်းထားသည်။ ယင်း ဘေးမဲ့တောကို ပဲခူးရိုးမ အတွင်းရှိ ခပေါင်းကြိုးဝိုင်း သစ်တော အနီး ပတ်ဝန်းကျင်တွင် ဧက နှစ်သောင်းနီးပါး နေရာယူကာ တည်ထောင် သွားရန် လျာထား သော်လည်း FOUR PAWS International အဖွဲ့အနေဖြင့် ဧကသိန်းနှင့် ချီ၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် ဆန္ဒရှိသဖြင့် လိုအပ်သော လေ့လာမှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

FOUR PAWS International အဖွဲ့အစည်း သည် ကမ္ဘာအရပ်ရပ် တွင် သစ်တောများ ပြုန်းတီးလာသဖြင့် တောရိုင်း တိရစ္ဆာ န်များ နေထိုင်ကျက်စားရာ စားကျက်မြေ နေရာ ရှားပါးလာပြီး လူများ နေထိုင်ရာ အရပ် ဒေသများသို့ မျက်စိလည် လမ်းမှား ရောက်ရှိလာကာ မလိုလားအပ်သော အဖြစ်အပျက်များ၊ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွား လာခြင်းကို တားဆီး ကာကွယ်ရန်နှင့် ရှားပါး တိရစ္ဆာန်များ မျိုးသုဉ်း ပျောက်ကွယ်ခြင်း မှ ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်ချက် များဖြင့် ကမ္ဘာတစ်ဝန်းတွင် ဘေးမဲ့တောများ ကူညီ ဖော်ဆောင်ပေးလျက် ရှိသော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ၌ တစ်ခါတစ်ရံ တောဆင်ရိုင်း များသည် လူတို့ နေထိုင်ရာ အရပ်ဒေသ များသို့ နယ်မြေလွန်ပြီး ရောက်ရှိလာကာ ဒေသခံများကို အန္တရာယ် ပြုခြင်း၊ ကောက်ပဲသီးနှံ စိုက်ခင်းများကို ဝင်ရောက် ဖျက်ဆီးခြင်းများ ပြုလုပ်လေ့ ရှိကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ တောဆင်ရိုင်း အကောင်ရေ ၃ဝဝဝ နီးပါး ရှိလိမ့်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ခန့်မှန်းထားကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger