www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 2, 2013

ထန်မဆန်းလိုဏ်ဂူတွင်း ရှိ ကျောက်စက် ကျောက်ပန်းများ အား ပြည်တွင်ပြည်ပ ဧည့်သည်များ စိတ်ဝင်စား






တောင်ကြီး ၊ ၂-၆-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ ဟိုပုံးမြို့ နှင့် ၁၅ မိုင်ခန့် ကွာဝေးသော လွိုင်လင် - တောင်ကြီး ကားလမ်းမ ကြီးပေါ်တွင် တည်ရှိသည့် " ထန်မဆန်းလိုဏ်ဂူ " သည် သဘာသ လိုဏ်ဂူ ဖြစ်ပြီး လပြည့် လကွယ် ရက်များနှင့် စနေ ၊ တနင်္ဂနွေ ရက်များတွင် လေ့လာသူ များနှင့် အထူး စည်ကားလျက် ရှိပြီး ဒေသခံ ပြည်သူများ အပြင် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည် များပါ အဆိုပါ လိုဏ်ဂူ အတွင်းရှိ သဘာဝ ကျောက်စက် ၊ ကျောက်ပန်းဆွဲ များကို လေ့လာ မှတ်တမ်းတင် ခြင်းနှင့် ကျောက်ပန်းဆွဲ အလှကို ပုံတူ ပန်းချီ ရေးဆွဲခြင်းများ ပြုလုပ် ကြလျက် ရှိကြောင်း သိရသည်။


အဆိုပါ " ထန်မဆန်း လိုဏ်ဂူ " သို့ ရပ်နီး ရပ်ဝေး နှင့် ကမ္ဘာ့လှည့် ခရီးသွား ဘုရားဖူး ဧည့်သည်များ ၁၅၀၀ ဦးမှ ၂၅၀၀ ဦးခန့် အထိ နေ့စဉ် လာရောက် ဖူးမျှော်လျက် ရှိပြီး လာရောက် ကြသည့် ဘုရားဖူး ဧည့်သည် များကိုလည်း သက်သတ်လွတ် ထမင်းများဖြင့် ကျွေးမွေး ဧည့်ခံခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်းကပ်လှူရာတွင် ပါဝင်လှူဒါန်းနိုင်


ကျိုင်းတုံ ၊ ၂-၆-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) တစ်ခွင်လုံး နှင့် ကမ္ဘာသူ ကမ္ဘာသား ၊ နိုင်ငံသူ နိုင်ငံသား များအား ဗုဒ္ဓ သာသနာတော် ထွန်းကား ပြန့်ပွားစေခြင်း ၊ ငြိမ်းချမ်း သာယာ စေခြင်း ၊ စားနပ် ရိက္ခာ ပေါကြွယ်ဝ စေခြင်း စသော အတိတ် နိမိတ်ကောင်း များကို ဆောင်ကြဉ်း ပေးသော ကျိုင်းတုံမြို့ ၏ ကျက်သရေဆောင် ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး အား မြန်မာ သက္ကရာဇ် ၁၃၆၀ ပြည့်နှစ် ၊ တပို့တွဲ လပြည့်နေ့ တွင် ( ခြေဖ၀ါး တော်မှ ဦးခေါင်းတော် အထိ ) ဥာဏ်တော် အမြင့် ၆၇ ပေ ၊ ၆ လက်မ ၊ ကြာပလ္လင် အမြင့် ၇ ပေ ၊ ရှစ်ထောင့် ပန်းတင်ခုံ အမြင့် ၆ ပေ ၆ လက်မ ၊ အထက် ပစ္စယံ အမြင့် ၃ ပေ ၊ ရင်ပြင်တော် အမြင့်  ၆ ပေ ၊ နဖူး သင်းကျစ်တော် အလျား ၁၈ လက်မှ ဖြင့် ဘုရားကြီးအား ကျိုင်းတုံမြို့ ၏ ဗဟို အချက်အခြာ စွမ်ဆပ် ကုန်းတော်ကြီး တွင် တည်ထား ကိုးကွယ်ကာ စေတနာရှင် အလှူရှင် အပေါင်း တို့၏ ကုသိုလ်ကံ စေတနာ တို့ကြောင့် ၂၀၀၆ ခုနှစ် ၊ ၂၀၀၇ ခုနှစ် နှင့် ၂၀၀၈ ခုနှစ်များတွင် ရွှေသင်္ကန်းများ ကပ်လှူ ပြုပြင် ပူဇော် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခု အချိန် အခါတွင် မြတ်ဗုဒ္ဓ၏ ထေရ၀ါဒ သာသနာ တော်မြတ်ကြီး အဓွန့်ရှည်ကြာစွာ နေလို လလို ကမ္ဘာအနှံ့ ထွန်းလင်း တောက်ပ စေရန် ၊ ဘေးအန္တရာယ် ရန်စွယ် ဟူသမျှကို ပိန်းကြာဖက် တွင် ရေမတင် သကဲ့သို့ ကင်းစင် လွှင့်ပျောက် စေရန် ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း စည်းလုံး ညီညွတ်ပြီး ပြည်ထောင်စု စိတ်ဓာတ် ဖွံ့ဖြိုး တိုးတက် စေရန် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့မှ အစပြုပြီး နိုင်ငံအ၀န်း တည်ငြိမ် အေးချမ်း စေရန် ရည်သန်လျှက် မြန်မာ သက္ကရာဇ် ၁၃၇၅ ခုနှစ် ၊ ၀ါဆို လပြည့်နေ ( တနင်္လာနေ့ ) ( ၂၂-၇-၂၀၁၃) နေ့တွင် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


သို့ပါသောကြောင့် အနယ်နယ် အရပ်ရပ် မှ ကုသိုလ်ရှင် ၊ စေတနာရှင် များအနေဖြင့် ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်း ကပ်လှူပွဲတွင် ပါဝင်လှူဒါန်း နိုင်ရန် ဂေါပကအဖွဲ့ ဖုန်း ၀၈၄- ၂၂၄ ၉၃ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော် ထားကြောင်း သိရှိရသည်။

အာဇာနည်ဗိမာန်သို့ အများပြည်သူများ ၀င်ရောက် လေ့လာဂါရ၀ပြုနိုင်


ရန်ကုန် ၊ ၂-၆-၂၀၁၃

ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန် အား အများပြည်သူများ လေ့လာ ဂါရ၀ ပြုနိုင်ရန် အတွက် ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ ဖွင့်လှစ် ပေးခဲ့ပြီး တနင်္လာ နေ့တိုင်း နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက် များမှအပ ကျန်ရက်များ တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ဖွင့်လှစ် ပေးမည် ဖြစ်ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် လူကြီး တစ်ဦးလျှင် ကျပ် ၂၀၀ ၊ ကလေး တစ်ဦးလျှင် တစ်ရာကျပ်နှုန်း ကောက်ခံမည် ဖြစ်ပြီး မူလတန်း မှ တက္ကသိုလ် အထိ ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား ကျောင်းသူ များအား ကျောင်းသား ကတ်ပြား ဖြင့် အခမဲ့ ၀င်ရောက် ခွင့်ပြုမည် ဖြစ်သည်။ ဧည့် နိုင်ငံခြားသား များကိုမူ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ သို့မဟုတ် မြန်မာငွေ ကျပ် ၂၇၀၀ နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ပြီး အာဇာနည်နေ့ တွင် မည်သူမဆို အခမဲ့ ၀င်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဇာနည် ဗိမာန် နေရာသည် ဗုံးမကွဲမှု မူလ နေရာနှင့် အနည်းငယ် လှမ်းသည့် နေရာတွင် ကိုရီးယား နိုင်ငံက ပြန်လည် တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အနီရောင် သုတ်လိမ်း ထားသည့် ဗိမာန်တွင် အရှည်လိုက် အကန့်လိုက် ဆောင်ရွက် ထားခြင်းသည် ကျဆုံးသူ တစ်ဦးချင်းကို ရည်စူး ထားပြီး ကြည်ဖြူ တည်ရှိရာ နေရာသည် ဗိုလ်ချုပ် အောင်ဆန်းကို ရည်စူး ထားခြင်း ဖြစ်သည်။ ယခင်က အချက်အလက် များ စုံလင်စွာ ထားရှိ ခဲ့သော်လည်း ဗုံးကွဲရာတွင် ပျက်စီး သွားခဲ့ကြောင်း သိရသည်။


အာဇာနည် ဗိမာန်အား ယခင်က ယဉ်ကျေးမှု ၀န်ကြီးဌာန က ထိန်းသိမ်း စောင့်ရှောက် ခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ တွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ပြောင်းလဲ ထိန်းသိမ်းလျက် ရှိသည်။ " နိုင်ငံတကာ မှာရှိတဲ့ အာဇာနည် ဗိမာန် တွေလို ထည်ထည်ဝါ၀ါ နဲ့ဖြစ်ဖို့ သစ်ပင် ပန်းမံ တို့ကို တဖြည်းဖြည်းချင်း စိုပြေ သာယာ လာအောင် အလေးထား တိုးချဲ့ စိုက်ပျိုး သွားမှာပါ ၊ နောက်ဆို နယ်မှ လာတဲ့ သူတွေ ၊ ကျောင်းသား ကျောင်းသူတွေ အပြင် နိုင်ငံခြားသား များပါ ၀င်ရောက် လေ့လာ ကြမယ်လို့ မျှော်လင့် ပါတယ် .... " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက သူ၏ အမြင်ကို ရှင်းပြ ခဲ့ကြောင်း သိရှိရသည်။

အာဇာနည်နေ့ တွင် အများပြည်သူများ လေ့လာနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း ပြတိုင်အား ပြုပြင်မွမ်းမံလျက်ရှိ




ရန်ကုန် ၊ ၂-၆-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် အရ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ သည် အာဇာနည်နေ့ နီးကပ် လာပြီ ဖြစ်သည့် အတွက် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ် ပြတိုက်လမ်း နှင့် စောမဟာ လမ်းထောင့်ရှိ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် ပြုပြင် ထားရှိမှု အခြေအနေ အား ယမန်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ အချိန်တွင် သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ၀န်ကြီးချုပ် သည် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက် အောက်ထပ်ရှိ ထမင်းစားခန်း ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ဟန်ကျိုးမြို့ ပိုးထည် စက်ရုံတစ်ခုမှ ရက်လုပ်သော ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ရက်ကန်း ပန်းချီ ၊ ဧည့်ခန်း ၊ အပေါ်ထပ်ရှိ အထူး အစည်းအဝေး ခန်း ၊ ကလေးအိပ်ခန်း ၊ ဗိုလ်ချုပ် အိပ်ခန်း ၊ စာဖတ်ခန်း ၊ ဗိုလ်ချုပ် ကိုယ်တိုင် စိုက်ပျိုး ခဲ့သည့် စိုက်ခင်း နေရာ နှင့် အောင်ဆန်းလင်း ရေနစ် သေဆုံးခဲ့သည့် ရေကန်တို့ကို လိုက်လံ ကြည့်ရှု စစ်ဆေးရာ ယဉ်ကျေးမှု ၀န်ကြီးဌာန အမျိုးသားပြတိုက် ညွှန်ကြားရေးမှူး ဦးငွေထွန်းမြင့် နှင့် တာဝန်ရှိ သူတို့က လိုက်လံ ရှင်းလင်း ပြသ ခဲ့ကြသည်။


အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား တနင်္လာနေ့ နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှ အပ ကျန်ရက် များတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ် ထားရှိပြီး လူကြီး တစ်ဦးလျှင် ကျပ် ၃၀၀ ၊ သံဃာတော် သီလရှင် နှင့် ကလေးများ တို့အား တစ်ရာကျပ်နှုန်း ဖြင့် ၀င်ရောက် လေ့လာနိုင်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger