www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 26, 2013

ကန်တော်ကြီး ရေပြင် ဘာကြောင့် စိမ်းလဲ့ နေတာလဲ ... ?

Bacteria ၊ Nutrients စသည့် အညစ်အကြေး များ ဓာတ်ပြု၍ ရေကန်တွင်းရှိ ရေညှိများ 
ရေမှော်များ ပွားများ လာရာမှ ကန်တော်ကြီး ၏ ရေပြင်သည် စိမ်းလဲ့နေပုံ

 ကန်တော်ကြီး အပန်းဖြေ ဥယျာဉ်သည် မြို့တော်သူ မြို့တော်သား များနှင့် ရပ်ဝေး ရပ်နည်းမှ အလည်အပတ် ရောက်ရှိလာသူ များသာမကဘဲ ကမ္ဘာလှည့် ခရီးသည် များပါမကျန် လာရောက် အပန်းဖြေ လေ့လာလျက် ရှိသော နေရာ တစ်ခုအဖြစ် မြန်မာနိုင်ငံ ၏ မြို့တော် ဖြစ်သော ရန်ကုန်မြို့ တွင် ထင်ရှားလှသော ဂုဏ်ဆောင် အထင်ကရ နေရာတစ်ခု အဖြစ် ကျော်ကြားလှ ပါသည်။

အပန်းဖြေ သူများ စားသုံးနိုင်ရန် ကန်ပတ်လည် နေရာ တော်တော်များများ နှင့် ကန်စောင်း နေရာများတွင် စားသောက်ဆိုင် များ တည်ဆောက်၍ ဖွင့်လှစ် ရောင်းချလျက် ရှိရာ ယင်းစားသောက် ဆိုင်များမှ စွန့်ပစ် ပစ္စည်း အများစုမှာ ကန်ထဲ့သို့ ပိုက်များ ၊ မြောင်းမျာ မှတစ်ဆင့် နည်းအမျိုးမျိုး ဖြင့် နေ့စဉ် နှင့်အမျှ ၀င်ရောက်လျက် ရှိပြီး စားသောက်ဆိုင် များတွင် နေထိုင်သော သူများ နှင့် လာရောက် လည်ပတ်သူ များ စွန့်ပစ်သော ပစ္စည်းများ ကြောင့် Bacteria ( မိလ္လာ အညစ်အကြေး ၊ ရေဆိုး နှင့် စွန့်ပစ် ပစ္စည်းများ ဓာတ်ပြုခြင်း ) ၊ Nutrients ( ဓာတ်မြေ သြဇာများ နှင့် မိလ္လာမှ အညစ်အကြေး များ ဓာတ်ပြုခြင်း ) စသည့် အညစ်အကြေး များ ဓာတ်ပြု၍ ရေကန်တွင်းရှိ ရေညှိများ ၊ ရေမှော်များ ပွားများ လာရာမှ ကန်တော်ကြီး ၏ ရေပြင်သည် စိမ်းလဲ့ နေခြင်း ဖြစ်ပါသည်။

စားသောက်ဆိုင်မှ စွန့်ပစ်ပစ္စည်းများ ကန်ထဲသို့ ကျရောက်နေပုံ

ကန်အတွင်းမှ ရေများ ကိုလည်း အသုံးပြုရန် ရေပိုက်များဖြင့် စုပ်တင်၍ ပန်းကန် ဆေးချခြင်း ၊ အ၀တ်လျှော် ခြင်း ၊ ရေချိုးခြင်း တို့အား ထိုကန်ရေ နှင့်ပင် အသုံးပြု နေပါသဖြင့် စားသုံးသူ ပြည်သူများ မှာလည်း ရောဂါများ ရရှိစေ နိုင်ပါသည်။

စားသောက်ဆိုင်များမှ အညစ်အကြေးများ မြောင်းမှ ကန်အတွင်းသို့ စီးဆင်းနေပုံ


ထို့ကြောင့် ကန်တော်ကြီး ကန်ရေရှည် တည်တံ့ သာယာ လှပရေး အတွက် ရေဝေရေလဲ ထိန်းသိမ်းမှု စနစ်နှင့် စားသောက်ဆိုင် များမှ စွန့်ပစ်နေသော အညစ်အကြေး များအား စနစ်တကျ စွန့်ပစ် နိုင်ရေး ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြည့်ရှု စစ်ဆေး ပြုပြင် ပေးစေလိုကြောင်း ပြည်သူ အများ၏ ဆန္ဒ ကို သိရှိနိုင်ပါရန် ရေးသား လိုက်ရ ပါသည်။

စားသောက်ဆိုင်များမှ အညစ်အကြေးများ မြောင်းမှ ကန်အတွင်းသို့ စီးဝင်နေပုံ

စားသောက်ဆိုင်နောက် အိမ်သာရှိ မိလ္လာပိုက်မှ ကန်အတွင်းသို့ စွန့်ပစ် ထားရှိပုံ

မြ၀တီနေ့စဉ်သတင်းစာ (၂၆-၅-၂၀၁၃) တနင်္ဂနွေနေ့



Download = Minus
Download = Dev-Host

http://themyawadydaily.blogspot.com/2013/05/blog-post_25.html

Saturday, May 25, 2013

ကာလရှည်ချေးငွေ မျှော်လင့်နေသည့် တောင်သူလယ်သမားများ




ရန်ကုန် ၊ ၂၅-၅-၂၀၁၃

နိုင်ငံတော်မှ ကာလရှည် စီမံကိန်း နှင့် ချေးငွေ ထုတ်ပေးရန် တောင်သူ လယ်သမားများ တို့က မျှော်လင့် နေကြကြောင်း သိရသည်။ လက်ရှိ နိုင်ငံတော် မှ ထုတ်ချေး ပေးသော စိုက်ပျိုးစရိတ် ချေးငွေ များမှာ ကာလတို ချေးငွေ စနစ် ဖြစ်သည့်အတွက် တောင်သူ လယ်သမား များမှ ပြန်လည် ပေးဆပ်ရာ၌ အခက်အခဲများ ဖြစ်ပေါ် စေပြီးနောက် ယခုကဲ့သို့ ကာလရှည် စီမံကိန်း များဖြင့် ထုတ်ချေး ပေးနိုင်ရန် မျှော်လင့် လာခြင်း ဖြစ်ကြောင်း သိရသည်။

ချေးငွေကို ပြန်ဆပ်ရသည့် ကာလမှ တိုးတောင်း သဖြင့် စပါး နှင့် သီးနှံ ပေါ်ချိန်များတွင် တောင်သူများ လက်ဝယ် ကိုင်ထား နိုင်ခြင်း မရှိဘဲ ချေးပေ ပြန်ဆပ် နိုင်ရန်အတွက် ရသည့်ဈေးဖြင့် အမြန် ပြန်ရောင်းကြ ရခြင်း ကြောင့် ရသင့်သည့် အကျိုးအမြတ် မရရှိကြောင်း တောင်သူ ဦးကြီးများထံမှ သိရသည်။

နိုင်ငံတော်မှ ထုတ်ချေး ပေးနေသော ချေးငွေများမှာ သီးနှံပေါ်ချိန် တွင် ပြန်လည် ပေးဆပ် ရခြင်းကြောင့် သီနှံများ သိုလှောင် မထားနိုင်ခြင်း ၊ သီနှံပေါ်ချိန် တွင် ဈေးနှုန်းများ ကျဆင်းတတ်ပြီး ဈေးကောင်း ရရှိနိုင်ရန် စောင့်ဆိုင်းချိန် မရရှိခြင်း စသည့် အချက်များကြောင့် ကာလရှည် ချေးငွေ စီမံကိန်း မျှော်လျင့် လာရခြင်း ဖြစ်ကြောင်း တောင်သူများက ပြောဆိုသည်။ တောင်သူ လယ်သမား များသို့ နိုင်ငံတော်မှ ချေးငွေများကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့် ပေးခဲ့ပြီး ၊ ပြီးခဲ့သည့် စပါးရာသီ ချိန်တွင် တစ်ဧကလျှင် ကျပ်ငွေ ၅ သောင်းနှုန်း ၊ အခြားသီးနှံများ အတွက် တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်း ထုတ်ချေး ပေးခဲ့သည်။


၂၀၁၃ -၂၀၁၄ ခုနှစ် စိုက်ပျိုးရေး ရာသီချိန်တွင် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ စိုက်စရိတ် ချေးငွေကျပ် ၁၄၀၀ ဘီလီယံ သုံးစွဲ သွားမည် ဖြစ်ပြီး စပါးစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ ကြံစိုက်ပျိုးမှု အတွက် တစ်ဧကလျှင် ကျပ်တစ်သိန်း ၊ အခြား သီနှံများ အတွက် တစ်ဧကလျှင် ကျပ် နှစ်သောင်း နှုန်း ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၂၅-၅-၂၀၁၃) စနေနေ့


Download = Minus
Download = Scribd





Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger