www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label Online Shopping. Show all posts
Showing posts with label Online Shopping. Show all posts

Monday, November 28, 2016

Black Friday အွန်လိုင်းရောင်းချမှု စံချိန်သစ်တင်



ဝါရှင်တန် ၊ ၂၈-၁၁-၂၀၁၆

အမေရိကန်နိုင်ငံ တွင် ခရစ္စမတ် နီးကပ် လာသောကြောင့် Black Friday အွန်လိုင်းလျှော့ဈေး ရောင်းချမှုကို ပြုလုပ်လျက် ရှိရာ ယခုတစ်ပတ် သောကြာနေ့ တွင် နိုင်ငံတစ်ဝန်း ရောင်းချရမှုမှာ ပထမဆုံး အကြိမ် အဖြစ် အမေရိကန် ဒေါ်လာ သုံးဘီလီယံ ကျော်ကာ စံချိန်သစ်တင် လိုက်နိုင်ပြီး မိုဘိုင်းဖုန်းမှ ဝယ်ယူမှုများ သည်လည်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ကျော် သွားပြီ ဖြစ်ကြောင်း ၄င်းရောင်းချရမှု နှုန်းကို ခြေရာခံ ကြည့်ရှုနေသော Adobe ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

" Black Friday ရဲ့ ရောင်းချရမှု နှုန်းဟာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၄ ဘီလီယံ ရှိခဲ့တဲ့အတွက် အရင်နှစ် ရောင်းချ ရမှုနှုန်းထက် ၃၃ ရာခိုင်နှုန်း ကျော်သွားပြီ ဖြစ်ပါတယ်။ ဒီလိုရောင်းချ ရမှုနှုန်းတွေ မြင့်တက် လာတာကလဲ မိုဘိုင်းဖုန်းတွေ ပေါ်ကနေ အလွယ်တကူ ဝယ်ယူလို့ နေတဲ့အတွက် ဖြစ်နိုင်ပါတယ်။ လက်လီ အရောင်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Amazon, Walmart, Target, eBay အစရှိတာတွေ ရဲ့မှတ်တမ်း တွေမှာလဲ မိုဘိုင်းဖုန်း ပေါ်က ဝယ်ယူမှုတွေ မြင့်မား လာခဲ့တယ် ဆိုတာကို ဖော်ပြနေပါ တယ်။ Walmart အအတွက်ဆိုရင် ဝယ်ယူမှု စုစုပေါင်းရဲ့ ၇ဝ ရာခိုင်နှုန်းကျော် က ဖုန်းနဲ့ ဝယ်ယူတာ ဖြစ်နေခဲ့ပါတယ်။ Target ကတော့ ၆ဝ ရာခိုင်နှုန်းကို ဖုန်းပေါ်က ဝယ်ယူတာနဲ့ ကြုံခဲ့ပါတယ်'' ဟု Adobe မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြ၍ သိရသည်။

Black Friday deals pulled in more shoppers, with record amounts spent via the Web

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Saturday, March 14, 2015

အွန်လိုင်းအသုံးပြု ရောင်းဝယ်လိုသူများ အတွက် e-Commerce ၀န်ဆောင်မှုစတင်


ရန်ကုန် ၊ ၁၄-၃-၂၀၁၅

အွန်လိုင်း အသုံးပြု ရောင်း- ဝယ် လိုသူများအတွက် MPU ကတ် အသုံးပြုနိုင်သည့် e-Commerce ဝန်ဆောင်မှုကို အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးမှုဘဏ် (AGD Bank) စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းပေါ်မှ ရောင်းချလိုသည့် လုပ်ငန်းရှင် များနှင့် အွန်လိုင်းပေါ်မှ ဈေးဝယ်ယူ လိုသူများ အနေဖြင့် MPU ကတ် အသုံးပြုကာ ဈေးဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အွန်လိုင်းပေါ်မှ ဈေးဝယ်ယူ လိုသူများ အနေဖြင့် မိမိ ဝယ်ယူလိုသည့် ဝက်ဘ်ဆိုက် လိပ်စာမှ ရွေးချယ် ဝယ်ယူပြီးနောက် သတ်မှတ်နေရာမှ တစ်ဆင့် ငွေပေး ချေဝယ် ယူရမည် ဖြစ်ကာ အဆိုပါ ငွေပေးချေရန် နေရာကို နှိပ်လိုက်ပါက ဘဏ်နှင့် ချိတ်ဆက် ထားသော MPU Cateway သို့ ရောက်ရှိ ငွေပေးချေ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ e-Commerce ဝန်ဆောင်မှုကို Myanmar Payment Union အဖွဲ့ဝင် ဘဏ်များမှ ဆောင်ရွက်ခြင်း ဖြစ်ပြီး MPU ကတ် အသုံးပြုသူတိုင်း အွန်လိုင်းမှ တစ်ဆင့် ဈေးရောင်း၊ ဈေးဝယ်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 

အဆိုပါ စနစ်ဖြင့် အွန်လိုင်းပေါ်တွင် ရောင်းချ လိုပါက မှတ်ပုံတင် (Register) ပြုလုပ်ခြင်း၊ သတ်မှတ် အချက်အလက် များကို လိုက်နာခြင်း များဖြင့် စာချုပ်ချုပ်ဆို ရမည် ဖြစ်ကြောင်းသိရသည်။ ဈေးဝယ်ယူ လိုသူများ
အနေဖြင့် အွန်လိုင်း လုံခြုံရေး အတွက် OTP ( One Time Password ) ကို အသုံးပြုခြင်း ဖြစ်၍ အီးမေးလ် အကောင့် ရှိရန် လိုအပ်ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger