www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တပ်မတော်ထောက်ခံပွဲ. Show all posts
Showing posts with label တပ်မတော်ထောက်ခံပွဲ. Show all posts

Thursday, January 24, 2019

ပျဉ်းမနားမြို့နှင့် တပ်ကုန်းမြို့တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ပျဉ်းမနားမြို့နှင့် တပ်ကုန်းမြို့တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင်    နေပြည်တော် ကောင်စီနယ်မြေ စစ်မှုထမ်းဟောင်းအဖွဲ့ တိုင်းကြီးကြပ် ဒုတိယဗိုလ်မှူးကြီးအေးမင်း (ငြိမ်း) ဦးစီး၍ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် ၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အင်အား ၄ဝဝ ဦးနှင့် တပ်မတော်ကို ချစ်မြတ်နိုးသူ  ဒေသခံပြည်သူ ၁ဝဝ ဦး စုစုပေါင်းအင်အား ၅ဝဝ ဦးတို့က နိုင်ငံတော်အလံများ၊  စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ ''မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးကော်မရှင်၏  မမျှမတတစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ''ဟူသော  ဆိုင်းဘုတ်များ ကိုင်ဆောင်၍    ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။ 
-
အလားတူ ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိခရိုင် နေပြည်တော် တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ကြီးမှူး၍ အဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင် ဇနီး၊ သား၊ သမီးများ၊ပြည်သူများ ပါဝင်သည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့မြို့နယ် အားကစားကွင်းပြင်၌ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင် နေပြည်တော် တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးသိန်းမြင့်(ငြိမ်း)နှင့် အမှုဆောင်များ ဦးဆောင်၍ အင်အား ၄၁၂ ဦးပါဝင် ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၅၄ ကြိမ် စုစုပေါင်း အင်အား ၇ဝ၉၇၆၇ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း  တပ်မတော် ထောက်ခံပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 24, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မအူပင်မြို့၌ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မအူပင်မြို့၌ ကျင်းပ
-
မအူပင်  ဒီဇင်ဘာ  ၂၃ 
-
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌  ယနေ့  နံနက်ပိုင်းတွင် တပ်မတော်ကို  ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း သိရသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မအူပင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးမျိုးအောင်(ငြိမ်း) ဦးစီး၍ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော်၊ မော်လမြိုင်ကျွန်းမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အင်အား ၄ဝဝ နှင့် တပ်မတော်ကို ချစ်မြတ်နိုးသူ ဒေသခံ ၅၅ဝ စုစုပေါင်းအင်အား ၉၅ဝတို့က  နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebookကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ပြည်သူကို ချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက် ရှာဖွေရေး  ကော်မရှင်၏ မမျှမတ တစ်ဖက်သက် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။ 
-
တပ်မတော်ထောက်ခံပွဲများကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆  ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ ယခုအကြိမ် အပါအဝင် အကြိမ် ၁၅ဝ စုစုပေါင်းအင်အား ၇ဝ၇၄ဝ၅ ဦးဖြင့် ကျင်းပခဲ့ပြီး  နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 10, 2018

ဟင်္သာတမြို့နှင့် ဗန်းမော်မြို့နယ်တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပ

ဟင်္သာတမြို့နှင့် ဗန်းမော်မြို့နယ်တို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပ
-
ဟင်္သာတ ဒီဇင်ဘာ ၉
-
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဦးပါရဲဘုရားအနီး အားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း သိရသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဟင်္သာတမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်း(ငြိမ်း) ဦးစီး၍ ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ လေးမျက်နှာမြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် အင်အား ၄ဝဝ ခန့်နှင့် တပ်မတော်ကို ချစ်မြတ်နိုးသူ ဒေသခံ ၂ဝဝ ခန့် စုစုပေါင်းအင်အား ၆ဝဝခန့်က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ပြည်သူကို ချစ်သော ပြည်သူကချစ်သော တပ်မတော် အောင်မြင် ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာတို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာ အလိုမရှိဟူသော  ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ကြသည်။
-
အလားတူ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မြို့တော်ခန်းမရှေ့၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသူရခင်မောင်ညွန့်(ငြိမ်း) ဦးဆောင်သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရန်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၄ဝဝ ဖြင့် တပ်မတော်ထောက်ခံပွဲ ကျင်းပသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၄၂ ကြိမ် စုစုပေါင်း အင်အား ၇ဝ၃၄၆ဝ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, December 4, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ
-
မြစ်ကြီးနား  ဒီဇင်ဘာ  ၃
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့က ကြီးမှူး၍  ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ပြည်ထောင်စု လမ်းမကြီးရှိ   စိမ်းမြဧရာပန်းခြံရှေ့၌  တပ်မတော်ကို ထောက်ခံခြင်းနှင့်  ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပကြောင်း  သိရသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးဘရန်ရှောင်(ငြိမ်း) ဦးဆောင်သည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်စစ်မှုထမ်းဟောင်း အဖွဲ့ဝင် အင်အား ၄ဝဝ ဦးခန့်က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊   တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebookကို လုံးဝဆန့်ကျင် ရှုတ်ချသည်၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကို အလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၃၈ ကြိမ် စုစုပေါင်း အင်အား ၇ဝ၁၂၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း   တပ်မတော် ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 20, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ
-
ကျိုက်ထို နိုဝင်ဘာ ၁၉
-
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး ဘုရားလမ်းသို့ သွားသည့် လမ်းဆုံအနီး၌ မွန်ပြည် နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ ကျိုက်ထိုမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့၊ ဘီးလင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ သထုံမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့တို့မှ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၂ဝဝ ဦးတို့က နိုင်ငံတော် အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံနှင့် အတူ မြန်မာတပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာကို အလိုမရှိ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ တပ်မတော် နှင့်အတူ ရပ်တည်စို့ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြသည်။
-
တပ်မတော် ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ် အပါအဝင် ၁၃၄ ကြိမ် စုစုပေါင်း အင်အား ၆၈၁၆ဝဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
(၄ဝ၆)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 19, 2018

ကျောက်ဆည်မြို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ကျောက်ဆည်မြို့၌ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၈
-
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကြီး၊ စဥ့်ကိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ   ဦးမောင်ဦးနှင့် မြစ်သားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်တို့ ဦးဆောင်၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များသည်   တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျောက်ဆည်မြို့ မင်းရပ်ရပ်ကွက် အာကာသ ကားဂိတ်ဝင်း အတွင်း၌ ကျင်းပသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ကျောက်ဆည်မြို့နယ်၊ စဥ့်ကိုင်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂ဝဝ ဦးခန့်က နိုင်ငံတော်အလံများ၊ စစ်မှုထမ်း ဟောင်းအလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံလေးပုံတို့ကို ကိုင်ဆောင်၍ ''မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော  Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာ   အလိုမရှိ ''စသည့် စာသားများပါ ဗီနိုင်းဆိုင်းဘုတ်များကို  ကိုင် ဆောင်၍ ၄၅ မိနစ်ကြာ  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
-
တပ်မတော်ထောက်ခံပွဲများကို   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ် အပါအဝင် ၈၆ ကြိမ် စုစုပေါင်း အင်အား ၆၄၇၈ဝ၅ ဦးခန့်ဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
-

-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 16, 2018

ရေဦးမြို့၌ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ရေဦးမြို့၌ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ကျင်းပ

ရေဦး  အောက်တိုဘာ ၁၅
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့က ကြီးမှူး၍ တပ်မတော် ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို   ယနေ့နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့   ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ကျင်းပသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင်  ရေဦးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ကြီးရဲနိုင်(ငြိမ်း)က ''ယနေ့ပြုလုပ်တဲ့ပွဲကတော့ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နဲ့ ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၁၅ဝ ဦးက  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်း ရည်ရွယ်ချက်(၄)ရပ်ထဲက နံပါတ်(၂)ရည်ရွယ်ချက်ဖြစ်တဲ့   နိုင်ငံတော်လုံခြုံရေးနဲ့  ကာကွယ်ရေး လုပ်ငန်းတွေမှာ တပ်မတော်အရန်အင်အားအဖြစ်နဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း    လုပ်ဆောင်တာဖြစ်ပါတယ်။
-
လတ်တလောမှာ နိုင်ငံတကာနဲ့ ပြည်ပမီဒီယာတွေက မြန်မာ့တပ်မတော်အပေါ် အထင်အမြင်လွဲမှားပြီး   ဖိအားပေး လုပ်ဆောင်နေတာတွေ၊ မဟုတ်မမှန် စွပ်စွဲပြောဆိုနေတာတွေအပေါ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့လုံး ဆန့်ကျင်ပါတယ်ဆိုတာကို  နိုင်ငံတကာကသိအောင် ထုတ်ဖော်ဆန္ဒပြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင်ခြင်းကလည်း  မြန်မာ့တပ်မတော်အပေါ် ဖိအားပေးလုပ်ဆောင်နေတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး တစ်ဖွဲ့လုံးက မြန်မာ့တပ်မတော်အပေါ် ထားရှိတဲ့ ရပ်တည်ချက်ကို သိရှိနားလည်နိုင်မယ်လို့ ထင်ပါတယ်'' ဟု ပြောကြားသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၅ဝ ဦး တို့က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဓာတ်ပုံ နှစ်ပုံတို့ကို ကိုင်ဆောင်၍ မြန်မာတပ်မတော်ကို  အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော  Facebook  ကို  လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော   ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR၏ အောက်လုံးအစီရင်ခံစာ အလိုမရှိဟူသော   ဆိုင်းဘုတ်များကိုင်ဆောင်၍  တစ်နာရီခန့်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ  ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း ယခုအကြိမ် အပါအဝင် ၈၁ ကြိမ်   စုစုပေါင်း အင်အား  ၆၄၆၃၅ဝ ဦးဖြင့်  ကျင်းပခဲ့ပြီး  နိုင်ငံတစ်ဝန်း   တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်
ရန်ကုန်  အောက်တိုဘာ  ၁၅                                   

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ   ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့်     ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး   မြောက်ဥက္ကလာပမြို့နယ်မှ စစ်မှုထမ်းဟောင်းများက သုဓမ္မာလမ်းမကြီး မြောက်ဥက္ကလာပအဝိုင်းအနီး  မီးသတ်ရုံး ရှေ့၌ ပြုလုပ်သည်။
-
''ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ မြောက်ဥက္က လာပမြို့နယ်က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ စုပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပတာဖြစ်ပါတယ်။ ကျွန်တော်တို့    ဆန္ဒဖော်ထုတ်တဲ့ ရည်ရွယ်ချက်က စစ်မှုထမ်းဟောင်း  အဖွဲ့ကြီးက တပ်မတော်ရဲ့  အရန်အင်အားဖြစ်တာနဲ့အညီ  နိုင်ငံကို အသက်ပေးကာကွယ်နေတဲ့   တပ်မတော် အင်အားချိုးနှိမ်မှုကို လုံးဝလက်မခံပါဘူး။ပြင်ပက   ဝင်ရောက်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို စစ်မှုထမ်းဟောင်း အဖွဲ့တွေ အနေနဲ့  ကန့်ကွက်တဲ့  ဆန္ဒဖော်ထုတ် ပွဲဖြစ်ပါတယ်။ဒီပွဲကို  သက်ဆိုင်ရာက ခွင့်ပြုချက်ရယူ ဆောင်ရွက်ခဲ့ပြီး မှန်ကန်တဲ့ တပ်မတော် လုပ်ဆောင်ချက်တွေ ထောက်ခံ တဲ့ပွဲကို  မိမိတို့ဆန္ဒအရ   လာရောက်စုရုံး ဆန္ဒဖော် ထုတ်ခြင်းဖြစ်ပါတယ်။စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေက နိုင်ငံရေးကင်းရှင်းပြီး  မည်သည့်နိုင်ငံရေး အဖွဲ့အစည်းရဲ့ သြဇာအာဏာခံ မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ အခုလို တပ်မတော် ထောက်ခံပွဲတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ  လုပ်နေကြတာအားလုံး အသိပဲဖြစ်ပါတယ်'' ဟု   မြောက်ဥက္ကလာပမြို့နယ်  စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ  ဗိုလ်ကြီးချစ်ဆွေ(ငြိမ်း) ကပြောသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင်  မြောက် ဥက္ကလာပမြို့နယ်ရှိ  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင် ၃ဝ၅ ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံ၊ ပြည်သူကိုချစ်သော၊   ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ၊  ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ  တို့လုံးဝ လက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook  ကို  လုံးဝဆန့်ကျင် ရှုတ်ချသည်၊ တပ်မတော် အင်အားချိုးနှိမ်မှု မှန်သမျှ  တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာ အလိုမရှိ   အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်    စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး  တစ်နာရီခန့်  တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆  ခုနှစ်မှ  ၂ဝ၁၈  ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၈၂ ကြိမ် စုစုပေါင်း အင်အား  ၆၄၆၆၅၅   ဦးဖြင့်  ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း    သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger