www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဇီကာဗိုင်းရပ်စ်. Show all posts
Showing posts with label ဇီကာဗိုင်းရပ်စ်. Show all posts

Thursday, March 17, 2016

လိင်ဆက်ဆံခြင်းမှ ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ခန့်မှန်းထားသည်ထက် ပိုအဖြစ်များ



ရန်ကုန် ၊ ၁၇-၃-၂၀၁၆

လိင်ဆက်ဆံခြင်း မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ခန့်မှန်းထား သည်ထက် ပို၍ အဖြစ်များကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားကြောင်း သိရသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား နေသော နိုင်ငံများမှ နောက်ဆုံး တွေ့ရှိချက် အရ လိင်ဆက်ဆံခြင်း မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်မှုသည် ယခင်က ခန့်မှန်းထား သည်ထက် ပိုမိုအဖြစ်များ သည့်အတွက် ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို ဟန့်တားနိုင်ရန် အခက်အခဲများ ပိုရှိလာ နိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက်ချန် က ပြောသည်။

ကလေးငယ် များတွင် ဦးနှောက် ပျက်စီးခြင်းကို ဖြစ်စေနိုင်သော ဇီကာဗိုင်းရပ်စ် သည် အရွယ်ရောက် သူများတွင်လည်း ဦးနှောက် ရောင်ရမ်းမှုကို ပြင်းပြင်းထန်ထန် ဖြစ်စေ နိုင်ကြောင်း သိရသည်။

ခြင်ကျား အကိုက်ခံရခြင်း နှင့် လိင်ဆက်ဆံ ခြင်းတို့မှတစ်ဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ပြီး ရုတ်တရက် ဖျားနာခြင်း၊ အရေပြားပေါ် ၌ အနီရောင် အကွက်များ ထွက်လာခြင်း အပြင် ကြွက်သားများနှင့် အဆစ်အမျက်များ နာကျင် ကိုက်ခဲခြင်း တို့ကိုလည်း ဖြစ်ပေါ် စေနိုင်ပြီး လက်ရှိ အချိန်ထိ ယင်း ဗိုင်းရပ်စ် ကို ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးဝါး မတွေ့ရှိ သေးကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, March 8, 2016

ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အရေးပါသောဆဲလ်ကို ဇီကာဗိုင်းရပ်စ်က သေစေနိုင်




နယူးယောက် ၊ ၈-၃-၂၀၁၆

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသော ကိုယ်ဝန်ဆောင် အမျိုးသမီးများမှ မွေးဖွားလာသော ကလေးငယ် များတွင် ဦးနှောက်ကျုံ့ နေတတ်သည်မှာ ဇီကာဗိုင်းရပ်စ် ၏ တိုက်ရိုက် အကျိုး သက်ရောက်မှု ဖြစ်နိုင်ခြင်း ရှိ၊ မရှိ စူးစမ်းလေ့လာ နေသော အမေရိကန် သုတေသီ များသည် ဇီကာဗိုင်းရပ်စ် အနေဖြင့် ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါသော ဆဲလ်တစ်မျိုးကို တိုက်ရိုက် ကူးစက်ကာ သေစေနိုင် သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို တွေ့ရှိချက်သည် ဇီကာဗိုင်းရပ်စ် ကြောင့် ဦးနှောက်ကျုံ့ သည့် တိုက်ရိုက် ပတ်သက်မှု အဖြစ် အထောက်အထား ဖြစ်မလာ သော်လည်း ဦးနှောက် ကျုံ့သွားသည် ထိ ဦးနှောက်ဆဲလ်များ ပျက်စီးကုန် စေသည့် အကြောင်းရင်း အဖြစ် ပညာရှင်များက လက်ခံထားသည်။ ထို့ပြင် ဇီကာဗိုင်းရပ်စ် က ဦးနှောက်တွင်း မည်သည့်နေရာ ရွေးချယ် တိုက်ခိုက်သည်ကို ဖော်ထုတ်နိုင် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

''ဦးနှောက်ကျုံ့ပြီး မွေးလာတဲ့ ကလေးတွေဟာ လူစဉ်မမီ နိုင်တော့ပါဘူး။ ဒီအဖြစ်ဆိုးကို ထိန်းချုပ်နိုင် အောင်လို့ သုတေသန ပြုလုပ်ရာမှာ ဇီကာဗိုင်းရပ်စ် က ဦးနှောက်ရဲ့ ဘယ်နေရာကို တိုက်ခိုက်တယ် ဆိုတာ တိတိကျကျ ထုတ်ဖော်နိုင် ခဲ့ပါပြီ။ ဒါပေမဲ့ ဒါဟာ ဇီကာဗိုင်းရပ်စ် ကို တိုက်ဖျက်ဖို့  လုံလောက်တဲ့ အရင်းအမြစ် တော့ မဟုတ်သေး ပါဘူး။ အခုထက် အများကြီး ပိုတဲ့ သုတေသနတွေ လုပ်ရအုံးမှာ ဖြစ်ပါတယ်'' ဟု ဘယ်လ်တီမော အခြေစိုက် ဂျွန်ဟော့ပ်ကင်း ဆေးတက္ကသိုလ် မှ ဦးနှောက်နှင့် အာရုံကြော သုတေသီ ဟောင်ဂျွန်ဆောင်း က ပြောပြသည်။

သို့ဖြစ်၍ ဇီကာဗိုင်းရပ်စ် ၏ ဦးနှောက် ပင်စည်ဆဲလ်ကို ကူးစက် ဖျက်ဆီးနိုင်မှု ထိန်းချုပ် ကာကွယ် နိုင်ရန် နည်းလမ်းများကို ပညာရှင် များက ဆက်လက်ရှာဖွေ နေကြကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

Friday, February 5, 2016

ကာကွယ်ဆေးမရှိသေးသည့် ဇီကာ ရောဂါသည် ခြင်မှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်



နေပြည်တော် ၊ ၅-၂-၂၀၁၆

ဇီကာရောဂါ သည် ဇီကာ ဗိုင်းရပ်စ်ပိုး ကို သယ်ဆောင်သည့် အေးဒီးစ်ခြင်ကျား ကိုက်ခြင်း မှတစ်ဆင့် လျင်မြန်စွာ ကူးစက် နိုင်သောရောဂါ ဖြစ်ပြီး ကာကွယ်ဆေး မရှိသေးကြောင်း သိရသည်။

ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး ကို ၁၉၄၇ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံရှိ မျောက်များ၌ စတင်စမ်းသပ် တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန်ဒါ နှင့် တန်ဇန်းနီးယား နိုင်ငံတို့ရှိ လူများကို ကူးစက်ခဲ့သည်။

၂ဝဝ၇ ခုနှစ်တွင် ပစိဖိတ်ဒေသ၊ ၂ဝ၁၃ ခုနှစ်တွင် ရက်ပ် (Yap Island) နှင့် ပြင်သစ် ပိုလီနီးရှား (French Polynesia) ဒေသ၊ ၂ဝ၁၅ ခုနှစ်တွင် အမေရိကဒေသ ဖြစ်သည့် ဘရာဇီး၊ ကိုလံဘီယာနိုင်ငံ၊ အာဖရိကဒေသ ဖြစ်သည့် ကိပ်ဘာဒီနိုင်ငံ တို့တွင် ကပ်ရောဂါ အသွင်ဖြစ်ပွား ခဲ့သည်။ အထူးသဖြင့် အမေရိကမှ နိုင်ငံ ၁၃ နိုင်ငံတွင် ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ရံဖန်ရံခါ ဖြစ်ပွားလျက် ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ် ကတည်းက စတင် ဖြစ်ပွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ဖြစ်ပွားသူ စုစုပေါင်း ခုနစ်ဦးအထိ ဖြစ်ပွားခဲ့သည်။

ဇီကာရောဂါရှိသူ လူနာများသည် ဖျားခြင်း၊ အနီအကွက်/ အစက်များ ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း၊ ကြွက်သားနှင့် အဆစ်များ နာကျင် ကိုက်ခဲခြင်း စသည့်ရောဂါ လက္ခဏာများ ခံစားရသည်။ ဇီကာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွား နေသည့် ဘရာဇီးနိုင်ငံ တွင် ကိုယ်ဝန်ဆောင် မိခင်များမှာ ဦးနှောက် သေးငယ်သော ကလေးငယ်များ မွေးဖွားလာမှု နှင့်ပတ်သက်ပြီး ဆက်စပ်မှုရှိ၊ မရှိ သက်သေပြ နိုင်ရန် ပညာရှင်များက ကြိုးစား ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဇီကာရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ကမ္ဘာက အရေးပေါ် ဆောင်ရွက်ကြရန် ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ဇီကာရောဂါ လူနာကို မတွေ့ရှိရသေး သော်လည်း ဇီကာဗိုင်းရပ်စ် ရောဂါပိုး သယ်ဆောင်သော အေးဒီးစ်ခြင် သည် မြန်မာနိုင်ငံ အနှံ့ ရှိနေသည့် အတွက် ဇီကာရောဂါ လူနာတစ်ဦး ရောက်ရှိ လာသည်နှင့် တစ်ပြိုင်နက် ဇီကာဗိုင်းရပ်စ် ရောဂါပိုးသည် လည်း တစ်နိုင်ငံလုံးကို ပျံ့နှံ့ရောက်ရှိ သွားနိုင်ကြောင်း သိရသည်။

အဆိုပါ ဇီကာရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီး ဌာန အမျိုးသား ကျန်းမာရေး ကော်မတီ အစည်းအဝေး ခန်းမ၌ ဇီကာ (Zika)ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်ကြသည်။

ဇီကာရောဂါ လက္ခဏာတွေ့ ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာန များသို့ အသိပေးရန်၊ ရောဂါလက္ခဏာ တွေ့ရှိသူကို စစ်ဆေးကုသမှုများ ဆောင်ရွက်ရန် နှင့် ပြည်ပမှ ကာကွယ် တားဆီးရန် ဆေးဝါးပစ္စည်း များမှာယူ အသုံးပြုသွားမည် ဖြစ်သည်။ တစ်နိုင်ငံလုံး ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်သည်။

ကမ္ဘာကြီးပူနွေး လာခြင်းကြောင့် ခြင်ပေါက်ပွားမှု ပိုမိုများပြား လာပြီး ရောဂါပိုးများ ပျံ့နှံ့မှုပိုမို မြန်ဆန် လာမှုကို တွေ့ရကြောင်း၊ ယခုအခါ ဇီကာရောဂါပိုး သည် နိုင်ငံအချို့တွင် လျင်မြန်စွာ ပြန့်ပွားနေသည့် အတွက် မိမိတို့နိုင်ငံ အတွင်းကူးစက် ရောက်ရှိမလာရေး ရောဂါစောင့်ကြပ် ကြည့်ရှုရေးကို ကျန်းမာရေး ဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနနှင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ တိုက်ဖျက်ရေး စီမံချက်တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကောင်းစစ်နိုင် ၊ ဇာနည်မောင်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Friday, January 29, 2016

ဇီကာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ



( ဒေါက်တာလွင်သန့် ဆေး-၂ )

ဇီကာဗိုင်းရပ်စ် ဟာ ခြင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်တယ်။ မူရင်းဗီဇဟာ တောင်အမေရိကတိုက် ကဖြစ်ပေမယ့် နောက်ပိုင်းမှာ ကမ္ဘာအနှံ့ဖြစ်ပွား လာပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုး ဟာ ကျူးလက်ခြင် ကိုက်ရာမှတစ်ဆင့် ကူးစက်တာပါ။ ကျူးလက်ခြင် ကိုက်ခံရခြင်းကြောင့် ကိုယ်ပူခြင်း၊ အဖျားကြီးခြင်း၊ တက်ခြင်း၊ ချွေးပြန်ခြင်း၊ တုပ်ကွေးဖျားခြင်း၊ အစားအသောက် ပျက်ခြင်းတို့ ဖြစ်နိုင်ပါ တယ်။ ရောဂြါ ဖစ်လို့ နေကောင်းသွား ပေမယ့်လည်း ကိုယ်ဝန်ဆောင် မိခင်က မွေးဖွားတဲ့ ကလေးမှာ ဦးနှောက် ပုံမှန်မဖွံ့ဖြိုးဘဲ မွေးလာစေပါတယ်။

ပုံမှန်အားဖြင့် အမျိုးသားတွေဂ ရုစိုက်စရာ မလိုလောက်ပေမယ့် ကိုယ်ဝန်ဆောင် မိခင်မှ သန္ဓေသားကို ကူးစက်နိုင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ စောင့်ကြည့် ခဲ့ရပါတယ်။ ပါရာဂွေးနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး ကြောင့် မိခင်ကတစ်ဆင့် မွေးဖွားတဲ့ ကလေးမှာ ဦးနှောက်ပုံမှန် မဟုတ်ဘဲ မွေးဖွားတတ်ပါတယ်။ အဲဒီနောက်ပိုင်း တောင်အမေရိက ၁ဝ နိုင်ငံမှာရှိတဲ့ အစိုးရတွေက ဇီကာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ ချိန်အတွင်း ကိုယ်ဝန် မဆောင်ကြဖို့ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်(တိုင်ပေ) တွင် ထိုင်းနိုင်ငံ မြောက်ပိုင်းက လာရောက် အလုပ်လုပ်ကိုင် တဲ့ အမျိုးသားတစ်ဦး ဖျားနာနေတာကို စစ်ဆေးရာက ကလေးတွေကို ဦးနှောက်ပျက်စီး စေနိုင်တဲ့ ဇီကာရောဂါပိုး ကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အခုအခါ တရုတ်အစိုးရ အနေနဲ့ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မော်လ်ဒိုက်နိုင်ငံ တို့ကို ခရီးသွားလာခွင့် ယာယီပိတ်ထား တယ်လို့ သိရပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံကိုလည်း နည်းလမ်းပေါင်းစုံ ကနေ ကူးစက်လာနိုင် ပါတယ်။ ဇီကာဗိုင်းရပ်စ် ရောဂါကိုကုသဖို့ ကာကွယ်ဆေးနဲ့ ကုသဆေး မပေါ်သေးပါဘူး။ ဒီရောဂါ မဖြစ်အောင် ခြင်ကိုက်မခံရ အောင် ဂရုစိုက်ရမယ်။ ခြင်ပေါက်ပွားမှု မရှိအောင် ရေလှောင်ထားတဲ့ စည်တွေကို ဖုံးအုပ်ထားခြင်း၊ သွန်ပစ်ခြင်း၊ လဲပစ်ခြင်း၊ ပိုးလောက်လမ်းများ ရေစစ်နဲ့ စစ်ယူခြင်း၊ ခြင်စားငါး မွေးမြူခြင်းများ ဆောင် ရွက် နိုင်သလို ခြင်ဆေးဖျန်ြး ခင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ဆေးရည်စိမ် ထားတဲ့ ခြင်ထောင် နဲ့အိပ်ခြင်းတို့ လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလို ကျန်းမာရေးပညာ ပေးခြင်း၊ ခြင်မကိုက်ရအောင် နေခြင်းများ စည်းရုံးလှုံ့ဆော် ရမှာဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်ဟာ ကာယကံရှင် အပေါ် အကျိုးသက်ရောက်မှု နည်းပေမယ့် ကိုယ်ဝန်ဆောင် မိခင်က မွေးဖွားလာမယ့် ကလေးအပေါ် ဦးနှောက်ဖွံ့ဖြိုးမှု မူမမှန်ဖြစ် ရတာက သန္ဓေသား ဦးနှောက် သွေးလျှံတာလို့ ထင်ရကြောင်းလို့ ဆိုပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, January 26, 2016

တရုတ်(တိုင်ပေ)၌ ဇီကာရောဂါ ဖြစ်ပွားသူတစ်ဦး တွေ့ရှိ၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်များကို စနစ်တကျ စစ်ဆေးလျက်ရှိ



ရန်ကုန် ၊ ၂၆-၁-၂၀၁၆

တရုတ်(တိုင်ပေ) ၌ ဇီကာရောဂါ ဖြစ်ပွားသူတစ်ဦး တွေ့ရှိကြောင်း ကြေညာပြီးနောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြား ခရီးသွားဧည့်သည် များကို စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှိ ကျန်းမာရေး စစ်ဆေးရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဇန်နဝါရီ ၁၉ ရက်က တရုတ်(တိုင်ပေ) သို့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှ လာရောက် အလုပ်လုပ် ကိုင်သည့် အမျိုးသား တစ်ဦးကို တောင်ယန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိစဉ် ဖျားနာသည်ကို တွေ့ရှိ၍ စစ်ဆေးရာ ကလေးများအား ဦးနှောက်ပျက်စီး စေနိုင်သော ကူးစက်နိုင်သည့် ဇီကာရော ဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရောဂါပိုး တွေ့ရှိပြီးနောက် မော်လ်ဒိုက်နိုင်ငံ အပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သို့ ခရီးသွားလာခြင်း နှင့်ပတ်သက်၍ သတိပေးချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပါက ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ဖျားနာခြင်း ရှိ၊ မရှိ အဖျား တိုင်းတာစက်ဖြင့် စစ်ဆေးခြင်းတို့ ပြုလုပ်ပြီး အဖျားရှိသည့် ခရီးသည်ကို ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ကူးစက်ရောဂါ ကုဆေးရုံ၌ ၁ဝ ရက်ကြာ စမ်းသပ်ကုသ ပေးကြောင်း သိရသည်။

အဖျားရှိသည်ကို စစ်ဆေး တွေ့ရှိပါက လာရောက်သည့် နိုင်ငံနှင့် အချက်အလက် အစုံအလင်ကို စစ်တမ်း ကောက်ယူကာ စိတ်ချရ မှုမရှိသော ခရီးသည်ကို ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက် အတိုင်း ဆောင်ရွက် ပေးကြောင်း သိရသည်။

တရုတ်(တိုင်ပေ) မှ ရန်ကုန်သို့ လာရောက်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များသည် စင်ကာပူ အဲလိုင်းနှင့် ချိုင်းနားအဲလိုင်း တို့မှတစ်ဆင့် လာရောက်ကြ သော်လည်း တရုတ် (တိုင်ပေ)မှ ခရီးသည် လာရောက်မှု နှုန်းမှာ အလွန် နည်းပါးကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger