www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဆန်းသစ်မှု. Show all posts
Showing posts with label ဆန်းသစ်မှု. Show all posts

Thursday, December 11, 2014

၁၃၀၅၂ ကီလိုမီတာရှိ ခရီးအကွာအဝေးကို ခုတ်မောင်းနိုင်ခဲ့သည့် တရုတ်ရထားတစ်စင်း ကမ္ဘာ့ အရှည်ဆုံးခရီးအဖြစ် သမိုင်းတွင် စံချိန်တင်ခဲ့


The China freight train from Yiwu arrives in Madrid.

မက်ဒရစ် ၊ ၁၁-၁၂-၂၀၁၄

ကုန်တွဲရထား တစ်စင်းသည် တရုတ်နိုင်ငံ ယီဝူမြို့မှ နိုဝင်ဘာ ၁၈ ရက်တွင် ထွက်ခွာ လာခဲ့ရာ ၄င်း၏ နောက်ဆုံးခရီးစဉ် ဖြစ်သော စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ဒီဇင်ဘာ ၉ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ရောက်ရှိ လာသည့်အတွက် ကမ္ဘာ့ အရှည်ဆုံး မီးရထား ခရီးစဉ် အဖြစ် သမိုင်းတွင် ပထမအကြိမ် စံချိန် တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယီဝူမြို့မှ စပိန်နိုင်ငံ မက်ဒရစ်မြို့ ကြား ၁၃ဝ၅၂ ကီလိုမီတာရှိ ခရီး အကွာအဝေးကို အောင်မြင်စွာ ခုတ်မောင်း နိုင်ခဲ့သည့် အဆိုပါ ကုန်တွဲရထား တွင် ကုန် အလေးချိန် တန် ၁၄ဝဝ တင်ဆောင် လာသော ကုန်တွဲ ၄ဝ ချိတ်ဆက် ထားကြောင်း၊ ၄င်း ကုန်တွဲများတွင် စာရေး ကိရိယာများ၊ လက်မှု ပစ္စည်းများနှင့် ခရစ္စမတ် အသုံးအဆောင် ပစ္စည်းများကို တင်ဆောင် လာကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများကို မက်ဒရစ်မြို့တွင် ရောင်းချသွားမည် ဖြစ်ပြီး သံလွင်ဆီ နှင့် ဝိုင်ကဲ့သို့သော စပိန်နိုင်ငံထုတ် ပစ္စည်းများကို တင်ဆောင်ကာ တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့ သမိုင်းတွင် ပထမအကြိမ် စံချိန်တင် ခဲ့သည့် ခရီးစဉ်၏ ရလဒ်သည် တရုတ်နှင့် စပိန် နှစ်နိုင်ငံကြား ခုတ်မောင်း သွားလာနိုင်သော ပုံမှန်မီးရထား ပြေးဆွဲမှု ခရီးစဉ်တစ်ခု ဖွင့်လှစ်မည့် ရည်ရွယ်ချက် ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အဆိုပါ ခုတ်မောင်း ပြေးဆွဲမည့် ခရီးစဉ်ကို ၂ဝ၁၅ ခုနှစ် အစောပိုင်းတွင် စတင် လုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း သိရသည်။

တရုတ်နှင့် စပိန် နှစ်နိုင်ငံကြား ပုံမှန်မီးရထား ပြေးဆွဲမှု ခရီးစဉ်ကို အကောင် အထည်ဖော် နိုင်မည်ဆိုပါက ကုန်ပစ္စည်း များကို ယခင်ကထက် ပိုမိုလျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်မည် ဖြစ်သည်ဟု သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, November 26, 2014

ကန်တော်ကြီး ကရ၀ိတ်ဥယျာဉ်ကမ္ဘာ တွင် ပထမဆုံး 3D ပန်းချီ ရေးဆွဲပြီးစီး



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၄

ရန်ကုန်မြို့တွင် ပထမဆုံး 3D ပန်းချီကို ကန်တော်ကြီး ကရဝိက်ဥယျာဉ် ကမ္ဘာအတွင်း၌ နိုဝင်ဘာ ၂၂ ရက်က စတင်ရေးဆွဲ ခဲ့ပြီး နိုဝင်ဘာ၂၄ ရက်တွင် အပြီးသတ် ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ 3D ပန်းချီကို ပုသိမ်မြို့၌ မြန်မာနိုင်ငံ၏ ပထမဆုံးသော 3D ပလက်ဖောင်း ရေးဆွဲခဲ့သော ပန်းချီဆရာ ကိုသက်နောင် က ရေးဆွဲခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်တွင် စတင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ 3D ပန်းချီကို ကရဝိက်ဥယျာဉ် ကမ္ဘာအတွင်း တိရစ္ဆာန်ရုံငယ် အနီးရှိ လှေကားတွင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး အပန်းဖြေ လာရောက်သူများ စိတ်ဝင်တစား လာရောက် ကြည့်ရှု ကြကြောင်း ပန်းချီရေးဆွဲ နေသည့် ကိုသက်နောင် က ပြောသည်။

''အရှည်က ပေ ၇ဝ၊ အကျယ်က ၆ ပေလောက် ရှိတာဆိုတော့ စမ်းချောင်း လေးပဲ ဆွဲဖြစ်တယ်။ စိတ်ဝင်စား အောင် ဘယ်လို Effect တွေ ထည့်မလဲ စဉ်းစားပြီး မိကျောင်းတွေ ချောက်ထဲက တက်လာတာကို ဆွဲထားတယ်။ မျောက်ကလေး တွေ၊ မြွေလေးတွေ လည်းပါမယ်။ တံတားလေးလည်း ပါတော့ ဓာတ်ပုံ ရိုက်မယ်ဆိုရင် အဲဒီအပေါ် ကိုလည်း တက်ရိုက်လို့ ရတယ်။ ကျောက်တုံး တွေလည်း ထည့်ထားတော့ အဲဒီပေါ်မှာ ဓာတ်ပုံတက် ရိုက်လို့ရတယ် ... '' ဟု ၄င်းက ပြောသည်။

''လာရောက် အပန်းဖြေတဲ့ လူတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ ရအောင်ပါ။ နောက်ပြီး 3D ကို မြန်မာနိုင်ငံ မှာလည်း လုပ်နိုင်တယ် ဆိုတာကို ပြချင်လို့ပါ။ လာရောက် အပန်းဖြေတဲ့ သူတွေရဲ့ စိတ်ဝင်စားမှု အပေါ် မူတည်ပြီး ကန်တော်ကြီး ထဲက နေရာ တော်တော် များများမှာ ရေးဆွဲသွားဖို့ အစီအစဉ် ရှိပါ တယ် ... '' ဟု ကန်တော်ကြီး ကရဝိက်ဥယျာဉ် ကမ္ဘာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုသက်နောင် ကို ပုသိမ်မြို့၌ 3D ပန်းချီ ရေးဆွဲပြီးသည့် အချိန် ကတည်းက အလုပ်လာရောက် အပ်နှံမှုများ ရှိနေခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း စမ်းချောင်း မြို့နယ် အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင် တွင်လည်း 3D ပန်းချီရေးဆွဲ ပေးရန် လက်ခံ ထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger