www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

အိန္ဒိယ ရေတပ်မှ အရာရှိ၊ စစ်သည်များ ပါဝင်သော သုတေသန ရေယာဉ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ

အိန္ဒိယ ရေတပ်မှ အရာရှိ၊ စစ်သည်များ ပါဝင်သော  သုတေသန ရေယာဉ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ
-
နေပြည်တော်  ဧပြီ  ၂ 
-
အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူးဖြစ်သူ Commander Anuj  Sharma ဦးဆောင်၍  အရာရှိ၊  စစ်သည်များ လိုက်ပါလာသော သုတေသန ရေယာဉ် INS Sagardhwani (A 74)သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည်ပတ်ရန် အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှအရာရှိကြီးများနှင့်အရာရှိ၊ စစ်သည်များကကြိုဆိုနှုတ်ဆက်ကြသည်။ 
-
အဆိုပါရေယာဉ်တွင် စစ်ရေယာဉ်မှူး ဖြစ်သူ Commander Anuj  Sharma ဦးဆောင်သော အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၂ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်အထိ ငါးရက်ကြာနေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger