www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 2, 2019

ရှားတောမြို့တွင်း လမ်းများအား အဆင့်မြှင့်ခြင်း လုပ်ငန်း ဆောင်ရွက်

ရှားတောမြို့တွင်း လမ်းများအား အဆင့်မြှင့်ခြင်း လုပ်ငန်း ဆောင်ရွက်
-
ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ လမ်းများအား ယခုအခါ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ 
-
ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့အတွင်းရှိ လမ်းများအဆင့်မြှင့်တင်ခြင်း၊လမ်းဘေးဝဲယာ ရေနုတ်မြောင်း တည်ဆောက်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့်ဓာတ်တိုင်များ ရွှေ့ပြောင်းခြင်း၊ လမ်းနယ်နိမိတ် မှတ်တိုင်များ စိုက်ထူခြင်း၊ လမ်းနယ်နိမိတ် အတွင်း ကျရောက်နေသည့် ခြံစည်းရိုးများ ရွှေ့ပြောင်းခြင်း၊ အရှိန်လျှော့ခုံးများတည်ဆောက်ခြင်း အစရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လွိုင်ကော်-ရှားတော-တာတမော့လမ်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
-
ကြီးမြင့်နိုင်(လွိုင်ကော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger