www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 9, 2019

မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာ၌  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၈ 
-
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မိုးကြိုးစံပြကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ သာသနာ့ အနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို ဧပြီ၇ ရက်နှင့် ယနေ့တို့တွင်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာအထက် တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၂၄ ပါး၊ သာသနာ့ အနွယ်ဝင် သီလရှင် ၁ဝ ပါးနှင့် ဒေသခံပြည်သူ ၆၂၁ ဦးတို့ကို ဆေးကုသမှုဆိုင်ရာ ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊နား/ နှာခေါင်း/လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း၊ ECGစက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ အာထရာဆောင်း ရိုက်ပေးခြင်း၊ သွေးချို၊ ဆီးချို၊အသည်းရောင်အသားဝါပိုးများ စစ်ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ဆောင်ရွက် ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များကသွားရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရရှိသည်။                         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger