www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 15, 2019

နန်ကသူဆည်ရေဖြင့် နွေစပါးများကို ယခင်နှစ်များထက် အောင်မြင်စွာ စိုက်ပျိုးလျက်ရှိ

နန်ကသူဆည်ရေဖြင့် နွေစပါးများကို ယခင်နှစ်များထက် အောင်မြင်စွာ စိုက်ပျိုးလျက်ရှိ
-
အင်္ဂပူ  ဖေဖော်ဝါရီ  ၁၄ 
-
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌  နန်ကသူရေလှောင်တမံမှ နန်ကသူဆည်ရေဖြင့် နွေစပါး ဧက  ၅၂ဝဝ ကို စိုက်ပျိုးရန်လျာထားပြီး ကွင်းကောက် ဒေသအတွင်းရှိ ကျေးရွာအုပ်စု ၁၄ အုပ်စုရှိ စိုက်ပျိုးမြေများ အတွက်    စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။ 
-
နန်ကသူရေလှောင်တမံမှ တူးမြောင်းမကြီး အလျား၂၃၃ မိုင်၊ လက်ယာမြောင်း အလျား ၅ ဒသမ ၁၁ မိုင်၊ လက်ဝဲမြောင်း အလျား ၇ ဒသမ ၅၇ မိုင်၊ လက်တံမြောင်းခွဲများဖြင့် ဒီဇင်ဘာ၂၅ ရက်မှစတင်ပြီးစိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်းနှင့် ယခုနှစ်နွေစပါး စိုက်ပျိုးရာသီအမီ တူးမြောင်းများ ရေစီးရေလာကောင်းမွန်ရေး၊ နွေစပါးစိုက်ပျိုးရေ လုံလောက်အောင်  ရရှိရေးတို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက မြောင်းပေါင်များ ပြုပြင်ခြင်းနှင့် ရေပေးအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စက်အင်အား၊လူအင်အားများ အသုံးပြုကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။ 
-
ယခင်နှစ်က နွေစပါး စိုက်ပျိုးရာသီတွင် လျာထားဧက ၅၂ဝဝ ထက်ကျော်လွန်ပြီး ၅၉၄၈ ဧကအထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ်တွင်လည်းတောင်သူများအနေဖြင့် နွေစပါး စိုက်ပျိုးရာသီတွင်ယခင်နှစ်များထက် နွေစပါး စိုက်ပျိုးဧကများ ပိုမိုစိုက်ပျိုးလာနိုင်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger