www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 15, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့ ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့ ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၄ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့  တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေသော တပ်မ တော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် ကျွန်းစုမြို့နယ်၊ ဝဲကျွန်းကျေးရွာစာသင်ကျောင်း၌ ဒေသခံ ပြည်သူ ၄၂ဝ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၈ ဦး၊ ခွဲစိတ်ရောဂါ ၄၅ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၈  ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၃၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၆ဝ ဦးနှင့် သွား ရောဂါ ၄၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့သည်။
-
-
ထို့ပြင် ခွဲစိတ်ကုသလူနာ ၁၄ ဦး၊   ဓာတ်မှန်ရိုက် လူနာရှစ်ဦး၊   တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၄ ဦး ECG နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၆ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ဝ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger