www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

ထောက်ကြန့်ခုံးကျော် တံတားနှင့် မြို့တော်ဘဏ်တွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအစား လမ်းပြုပြင်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် ဆုံးဖြတ်ထား

-
ရန်ကုန်  ဖေဖော်ဝါရီ  ၆ 
-
ရန်ကုန်တိုင်းဒေသကြီး အတွင်း ထောက်ကြန့်ခုံးကျော်တံတား တည်ဆောက်ခြင်းနှင့် မြို့တော်ဘဏ်တွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း နှစ်ခုအစား လမ်းပြုပြင်ခြင်း လုပ်ငန်းများတွင် အသုံးပြုရန် ဆုံးဖြတ်ထားကြောင်းရန်ကုန် တိုင်းဒေသကြီး  အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  ဦးမြင့်သောင်း ကပြောသည်။ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေ နောက်ဆက်တွဲ (၂)အဖြစ် ယင်းလုပ်ငန်းနှစ်ခုအစားတခြားလုပ်ငန်းများတွင် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ထောက်ကြန့်ခုံးကျော် တံတား တည်ဆောက်ရန် လျာထားသည့် ငွေကျပ်၂ ဘီလီယံကို  တိုင်းဒေသချင်း ဆက်သွယ်လမ်းမကြီးများ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် မြို့တော်ဘဏ်တွင် ရင်းနှီးငွေ ထည့်ဝင်မည့် ငွေကျပ် ၆ ဒသမ ၈ ဘီလီယံကို ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ရှိ လမ်းမကြီးများ တိုးချဲ့ပြုပြင်ခြင်းများ အတွက် အသုံးပြုမည်ဖြစ်သည်။ 
-
ယင်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းပြောင်းလဲ အသုံးပြုမည့် တင်ပြတောင်းခံချက်နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ရက်ပိုင်းအတွင်း ပြန်လည်ဆွေးနွေးပြီး အဆုံးအဖြတ် ရယူရန်ရှိကြောင်း သိရသည်။ ''ဒီလုပ်ငန်းနှစ်ခုကို   တိုင်းလွှတ်တော် ကန့်ကွက်လို့  ဆောင်ရွက်မယ့် အစီအစဉ် ပျက်ပြယ်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေအစား တခြားလုပ်ငန်းခေါင်းစဉ်ကိုပြောင်းလဲအသုံးပြုဖို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆုံးဖြတ်ချက် ရယူမှာ ဖြစ်ပါတယ်။  တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ကတော့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒါကိုလွှတ်တော်မှာချပြတာပါ'' ဟု   ဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေတွင် ထောက်ကြန့်ခုံးကျော်တံတား တည်ဆောက်ရန် ငွေကျပ် ၂  ဘီလီယံ၊ မြို့တော်ဘဏ်တွင် ရင်းနှီးမြှုပ်နှံရန်  ငွေကျပ်  ၆  ဒသမ  ၈ ဘီလီယံကို ထည့်သွင်းရန်   လျာထားခဲ့ခြင်းဖြစ်သည်။လက်ရှိတွင်  တိုင်းဒေသကြီး လွှတ်တော်မှ ကန့်ကွက်သဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှစ်ခု ပျက်ပြယ်ခဲ့သောကြောင့်အစားထိုး အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။ လုပ်ငန်းပြောင်းရွှေ့ရာတွင် ဆောင်ရွက်လိုသည့် လုပ်ငန်းများသည် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဒေသအတွက် အကျိုးဖြစ်ထွန်းနိုင်ရေးတွင် လည်းကောင်းဝန်ကြီးက တိုင်းလွှတ်တော်၌ ဆွေးနွေးအတည်ပြုပေးစေလိုကြောင်း တင်ပြခဲ့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger