www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
-
နေပြည်တော်  ဇန်နဝါရီ  ၁
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  အားကစားနှင့်  ကာယပညာဦးစီးဌာနကကြီးမှူး၍ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲအလွတ်တန်း ဖူဆယ်ပြိုင်ပွဲ ရှုံး/ထွက်ပွဲစဉ်များကို ယနေ့ နံနက် ၈နာရီမှ စ၍ ယှဉ်ပြိုင်ကစားလျက်ရှိသည်။     
-
အဆိုပါဖူဆယ်ပြိုင်ပွဲ၏ ရှုံး/ထွက်ပွဲစဉ်များတွင် ဟိုတယ်နှင့်ခရီးသွားလာရေးအသင်းနှင့် နေပြည်တော်စည်ပင်အသင်းတို့ ယှဉ်ပြိုင် ကြရာ ဟိုတယ်နှင့်ခရီးသွားလာရေးအသင်းက ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး အသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင် အသင်းတို့ယှဉ်ပြိုင်ကြရာ ပြည်ထောင် စု ရှေ့နေချုပ်ရုံး အသင်းက ၄ ဂိုး ၃ ဂိုးဖြင့် အနိုင် ရရှိသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအသင်းနှင့် ပြည်ထဲရေး အသင်းတို့ ယှဉ်ပြိုင် ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးအသင်းက ၆ ဂိုး  ၄ ဂိုးဖြင့် အနိုင်ရရှိသည်။
-
ကျန်းမာရေးနှင့် အားကစားအသင်းနှင့်  နိုင်ငံခြားရေးအသင်းတို့ယှဉ်ပြိုင်ကြရာ ကျန်းမာရေးနှင့် အားကစားအသင်းက ၁၃ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိသည်။ ရှုံး/ထွက်ပွဲစဉ်များ အပြီးတွင်  ဟိုတယ်နှင့် ခရီးသွားလာရေးအသင်း၊ပြည်ထောင်စုရှေ့နေ ချုပ်ရုံးအသင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသင်းနှင့် ကျန်းမာရေးနှင့် အားကစားအသင်းတို့သည် ဆီမီးဖိုင်နယ် ပွဲစဉ်များသို့ တက်ရောက်သွားပြီဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို  ဇန်နဝါရီ  ၂ ရက်(ယနေ့)တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger