www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 30, 2019

မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ် ပဏာမ ကစားသမား စာရင်းထုတ်ပြန်

မြန်မာ ယူ-၂၂ အသင်း နည်းပြချုပ် ပိုပေါ့ဗ်  ပဏာမ ကစားသမား စာရင်းထုတ်ပြန်
-
ရန်ကုန်  ဇန်နဝါရီ  ၂၉ 
-
မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်သစ် ဘူလ်ဂေးရီးယား နိုင်ငံသား ပိုပေါ့ဗ်သည် ၂ဝ၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပဏာမကစားသမား  ၂၈  ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် စခန်းဝင် လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲမှာ နည်းပြသစ် ပိုပေါ့ဗ်အတွက်ပထမဆုံးနိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သည်။ 
-
ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁၇  ရက်မှ ၂၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ ပိုပေါ့ဗ်သည် ကစားသမားများရွေးချယ်ရန် ပြည်တွင်း လိဂ်ပွဲများဖြစ်သည့် MNL ပြိုင်ပွဲနှင့်လူငယ်ပြိုင်ပွဲအပါအဝင် လိဂ်အားလုံးနီးပါး လိုက်လံကြည့်ရှုကာ အလားအလာရှိသည့် ကစားသမား အချို့ကိုပါ ရွေးချယ်ထားသည်။ ယခုဖွဲ့စည်းလိုက်သည့် ပဏာမလူစာရင်းတွင် ၂ဝ၁၈ ခုနှစ်က မြန်မာယူ-၂၂ အသင်းတွင် အမာခံ ကစား သမားများအဖြစ် ပါဝင်ကစားခဲ့သည့် ဝင်းနိုင်ထွန်း၊ မြတ်ကောင်းခန့်၊ ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ စိုးမိုးကျော်နှင့် ဝင်းမိုးကျော်စသည့် ကစားသမားများ ပြန်လည်ပါဝင်လာသည်။ မျက်နှာသစ် ကစားသမားများအဖြစ် ကောင်းထက်စိုး၊ ထူးခန့်လွင်၊ အောင်ကိုဦး၊ဇော်ဝင်းသိန်း၊ ရဲမင်းသူတို့လည်း ရွေးချယ် ခံခဲ့ရသည်။ 
-
မြန်မာယူ-၂၂ အသင်းတွင် နည်းပြချုပ်- ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးစိုးမြတ်မင်း၊ ကြံ့ခိုင်ရေး နည်းပြ-ဟွမ်ရိုမန်၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ အားကစားသမား များအဖြစ်ဂိုးဘုန်းသစ္စာမင်း(ရှမ်း)၊ ဆန်းဆက် နိုင်(ရန်ကုန်)၊ စိုးအာကာ(မကွေး)၊ ထွန်းနန္ဒဦး(မြဝတီ)၊ နောက်တန်း-ဝင်းမိုးကျော်(မကွေး)၊စိုးမိုးကျော်(ဧရာဝတီ)၊ အောင်ဝဏ္ဏစိုး(ဇွဲကပင်)၊ ရဲရင့်အောင်(ရတနာပုံ)၊ ထူးခန့်လွင်၊ သူရိန်စိုး(ရန်ကုန်)၊ ရဲမင်းသူ(ရှမ်း)၊ ဇင်ရဲနိုင်(အား/ ကာသိပ္ပံ)၊ ဟိန်းဖြိုးဝင်း(ရှမ်း)၊ အလယ်တန်း- နန်းထိုက်ဇော်၊ လွင်မိုးအောင်(ဧရာဝတီ)၊ ဇေယျာနိုင်၊ မြတ်ထွန်းသစ်၊ ဇင်မင်းထွန်း (မကွေး)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ဇွဲသက်ပိုင်(ရှမ်း)၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း (MFF ယူ-၁၉) ၊ ရှေ့တန်း- ဝင်းနိုင်ထွန်း(ရတနာပုံ)၊ ထက်ဖြိုးဝေ(ရှမ်း)၊ ဟိန်းထက်အောင်(ဟံသာဝတီ)၊ ကောင်း ထက်စိုး၊ လွှမ်းမိုးဦး (ရန်ကုန်) တို့ ပါဝင်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger