www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 28, 2018

လင်းနို့ဂူသဘာဝ ပတ်ဝန်းကျင် အသိပညာပေးနှင့် အပန်းဖြေစခန်းရှိ ရေကန်သို့ တိုက်လိပ် အထီး အမ ၁ဝ ကောင်လွှတ်

-
ကန့်ဘလူ  ဒီဇင်ဘာ  ၂၇ 
-
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ဇင်းကျေးရွာအနီးရှိ လင်းနို့ဂူနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးနှင့်  အပန်းဖြေစခန်းရှိ  ရေကန်အတွင်းသို့ ယမန်နေ့က ရှားပါးစာရင်းဝင် မြန်မာမျိုးရင်း စိတ်ဖြစ်သော တိုက်လိပ်အထီး၊ အမ ၁ဝ ကောင်လွှတ်ပေးကြောင်း သိရသည်။ 
-
ထိုသို့ ရှားပါးစာရင်းဝင် မြန်မာမျိုးစိတ်  တိုက်လိပ်များလွှတ်ပေးရခြင်းမှာ အပန်းဖြေ စခန်းသို့လာရောက်ကြသည့်  ပြည်သူများ၊  သုတေသနလုပ်ဆောင်လိုသူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုနိုင်ရန် နှင့် တိုက်လိပ်များ သဘာဝ အတိုင်းနေထိုင် ကျက်စားမျိုးပွားနိုင်စေရန်အတွက် လွှတ်ပေးခြင်းဖြစ်သည်။ ''တိုက်လိပ်မျိုးစိတ်က  မြန်မာနိုင်ငံမှာ ရှားပါးတဲ့   သတ္တဝါမျိုးစိတ်စာရင်းဝင်ပါ။ တိုက်လိပ်မျိုးစိတ်ကို   မျိုးသုဉ်းမှု ကာကွယ်ဖို့ အတွက်    မန္တလေးတိရစ္ဆာန်ဥယျာဉ်မှာ  ထိန်းသိမ်းမွေးမြူထားတာရှိသလို ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ထမံသီ တောမှာလည်း မွေးမြူ နေတာရှိတယ်။
-
ဒီဇင်ဘာလဆန်းပိုင်းကထမံသီတောလုပ် ခဲ့တဲ့ သုတေသန စခန်းတစ်ခု ဖွင့်ပွဲမှာ လိပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာ ရှင်နဲ့တွေ့ကာ လင်းနို့ဂူမှာရှိတဲ့ တောတောင်ခြေမှာ မွေးမြူလို့ဖြစ်လားလို့ မေးမြန်းတဲ့ အခါဖြစ်တယ်လို့ပြောတဲ့အတွက်   သူတို့သဘာဝအတိုင်း နေထိုင်မျိုးပွားနိုင်အောင်နဲ့ အပန်းဖြေစခန်းကို လာရောက် လည်ပတ်ကြတဲ့  ခရီးသွားပြည် သူတွေ ကြည့်ရှုနိုင်ဖို့အတွက်ရေကန်ထဲကို အခုလိုလွှတ်ပေးခဲ့တာပါ။ 
-
ရေကန်ပတ်ဝန်းကျင်မှာလည်း သဘာဝအတိုင်း  နေထိုင်ကျက်စားနိုင်ဖို့အတွက် သဲပြင်တွေ၊ စားသောက်နိုင်တဲ့ အပင်တွေကိုလည်း စီစဉ် ပေးထားပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာနညွှန်ကြားရေးမှူးက ပြောသည်။ 
-
မြန်မာမျိုးရင်း တိုက်လိပ်များ၏   မူရင်း ကျက်စားရာဒေသမှာ ကချင်ပြည်နယ် မြစ်ကြီးနားဒေသဖြစ်ပြီး ယခင်က ဧရာဝတီ မြစ်၊   ချင်းတွင်းမြစ်၊   စစ်တောင်းမြစ်နှင့် သံလွင်မြစ်အောက်ပိုင်းတို့၌ အများဆုံးတွေ့ရှိရပြီး ယခုအခါ ချင်းတွင်းမြစ် အထက်ပိုင်းနှင့်  ဒုဋ္ဌဝတီမြစ်တို့တွင်    အကောင်ရေ အနည်းငယ်သာ ရှိတော့သဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။ 
-
ယခုလွှတ်ပေးသော တိုက်လိပ်အထီး၊အမ ၁ဝကောင်ကို မန္တလေးတိရစ္ဆာန်ဥယျာဉ်မှ ယူဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက  ရေကန်အတွင်းသို့ လွှတ်ပေးကြကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger