www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2018

၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးစီးပြိုင်ပွဲ မန္တလေးမြို့ တွင်ကျင်းပ

-
မန္တလေး ဒီဇင်ဘာ ၎
-
၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်စက်ဘီးစီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေြး မို့ မန္တလာ သီရိအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ကအမှာစကားပြောကြားသည်။
-
ထို့နောက် စက်ဘီးစီးပြိုင်ပွဲကို  တိုင်းဒေသကြီးဝန်ကြီးချုပ်ကအချက်ပေးသေနတ်  ပစ်ဖောက်၍ တာလွှတ်လိုက်သည့်နှင့် တစ်ပြိုင်နက်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြိုင်ပွဲဝင်အသင်း ၁၂သင်းမှ အားကစား သမား ၁၂၉ဦးတို့က ပြိုင်ပွဲအမျိုးအစားအလိုက် သတ်မှတ်ထားသောအပတ်ရေအတိုင်း မန္တလာသီရိအားကစားကွင်းကိုပတ်၍ စက်ဘီးစီးနင်းယှဉ်ပြိုင်ကြသည်။
-
ယနေ့ပထမနေ့တွင် အမျိုးသား ၉၁ ကီလိုမီတာ တာဝေးစက်ဘီးစီးပြိုင်ပွဲနှင့်အမျိုးသမီး ၅ဝ ကီလိုမီတာ တာဝေးစက်ဘီးစီးပြိုင်ပွဲကျင်းပရာ မန္တလေးတိုင်းဒေသကြီးမှ ကောင်းဝေယံက စံချိန် ၄၈မိနစ် ၁၁ဒသမ ၃ဝစက္ကန့်ဖြင့် ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ညီညီအောင်က ၄၈မိနစ် ၁၂ဒသမ ဝ၉ စက္ကန့်ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ ဘုန်းပြည့်စိုးက ၄၈မိနစ် ၁၂ဒသမ ၈၉စက္ကန့် ဖြင့် တတိယနှင့် အမျိုးသမီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မသမုဒယက ၁နာရီ ၃ဝမိနစ် ၄၈ဒသမ ၁၄ စက္ကန့်ဖြင့် ပထမ၊ ရခိုင်ပြည်နယ်မှ မချိုဇင်ဦးက ၁နာရီ ၃ဝမိနစ် ၅ဝစက္ကန့်ဖြင့် ဒုတိယ၊ ကချင်ပြည်နယ်မှ မမေ မြတ်နိုးက ၁နာရီ ၃ဝမိနစ် ၅၂စက္ကန့်ဖြင့်တတိယရရှိခဲ့ကြသည်။
-
တိုင်းဒေသကြီးနှင့် ပြည်နယ်စက်ဘီးစီးပြိုင်ပွဲကို ဒီဇင်ဘာ ၆ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသား ၉၁ကီလိုမီတာ တာဝေး ပြိုင်ပွဲ၊ အမျိုးသမီး ၅ဝကီလိုမီတာ တာဝေး ပြိုင်ပွဲ၊ အမျိုးသား မီတာ ၁ဝဝဝတစ်ဦးချင်းစံချိန်ပြုဗိုလ်လုပွဲ၊ အမျိုးသမီး မီတာ၅ဝဝတစ်ဦးချင်းစံချိန်ပြုဗိုလ်လုပွဲ၊ အမျိုးသား၊ အမျိုးသမီး မီတာ၃ဝဝဝတစ်ဦးချင်းစံချိန်ပြုဗိုလ်လုပွဲ၊ အမျိုးသမီး  ၉ကီလိုမီတာ အသင်းလိုက်စံချိန်ပြုပြိုင်ပွဲ၊ အမျိုးသား ၁၅ကီလိုမီတာ အသင်းလိုက်စံချိန် ပြုပြိုင်ပွဲ စသည် ဖြင့် ပြိုင်ပွဲအမျိုးအစားအလိုက် အသီးသီးယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်းသိရသည်။  
-
တင်မောင်(မန်းကိုယ်ပွား)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger