www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

အမျိုးသမီး လိဂ်ပြိုင်ပွဲ ဒီဇင်ဘာ ၄ ရက်တွင် စတင်ကျင်းပမည်

အမျိုးသမီး လိဂ်ပြိုင်ပွဲ ဒီဇင်ဘာ ၄ ရက်တွင် စတင်ကျင်းပမည်
-
ရန်ကုန် နိုဝင်ဘာ ၂၆ 
-
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် ၂ဝ၁၈-၂ဝ၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ဒီဇင်ဘာ ၄  ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။
-
ယင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းရှစ်သင်းဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပရန်စီစဉ်ထား သည်။ အဆိုပါ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီအသင်း အပါအဝင် သစ္စာအားမာန်၊ ဇွဲကပင်၊ အားက စားနှင့် ကာယပညာ ဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ၊ YREOနှင့် ဂန္ဓမာအသင်းတို့ ယှဉ်ပြိုင် မည်ဖြစ်ပြီး ပွဲစဉ်များကို လာမည့် ရက်ပိုင်းအတွင်း အတည်ပြု ထုတ်ပြန်မည်ဖြစ်သည်။
-
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် အမျိုး သမီးဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားရန် ၂ဝ၁၆ ခုနှစ်ကုန်ပိုင်းမှ စ၍ အမျိုးသမီးလိဂ် ပြိုင်ပွဲကိုစတင် ကျင်းပခဲ့ပြီး ယခုပြိုင်ပွဲမှာသုံးကြိမ်မြောက် ကျင်းပမည့်ပြိုင်ပွဲလည်းဖြစ်သည်။
-
မြန်မာအမျိုးသမီး ဘောလုံးအသင်းများသည် ၂ဝ၁ဝ ပြည့်နှစ်မတိုင်မီက နိုင်ငံတကာ ပြိုင်ပွဲများတွင် ချန်ပီယံဆု ရဖူး ခဲ့သော်လည်း နောက်ပိုင်းတွင် အောင်မြင်မှုနှင့် ဝေးကွာလာ သောကြောင့် ပြည်တွင်းအမျိုးသမီးဘောလုံး အဆင့် အတန်း မြင့်မားရန်၊ လူငယ်အမျိုးသမီး ကစားသမားကောင်းများထွက်ပေါ်လာရန် အမျိုးသမီးလိဂ်ပြိုင်ပွဲကို စတင် ကျင်းပနေခြင်းဖြစ်သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်ရာသီ ကျင်းပပြီးစီးသွားပြီဖြစ်ပြီး နှစ်ရာသီစလုံး မြဝတီအသင်းက ဗိုလ်စွဲထားသည်။
-
အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် သက်ဆိုင်ရာ ကလပ်အသင်းများ၌ လက်ရွေးစင် ကစားသမားများ အပါအဝင် လူငယ် လက်ရွေးစင်များပါ ပါဝင် ခွင့်ပြုမည်ဖြစ်ပြီး လာမည့် ရာသီတွင် ရှုံးထွက် ပြိုင်ပွဲကိုပါ ကျင်းပပေးနိုင်ရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger