www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 23, 2018

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌ ၂ဝ၁၉ ရာသီ AFC CUP ပြိုင်ပွဲ အုပ်စု မဲခွဲပွဲ ကျင်းပ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌ ၂ဝ၁၉ ရာသီ AFC Cup  ပြိုင်ပွဲ အုပ်စု မဲခွဲပွဲ ကျင်းပ
-
ရန်ကုန် နိုဝင်ဘာ ၂၂
-
အာရှဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပရာ မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ သည် အာဆီယံဇုန်၌ယှဉ်ပြိုင် ရမည်ဖြစ်သည်။
-
AFC Cup ပြိုင်ပွဲတွင် အသင်းပေါင်း ၃၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇုန်ငါးခုတွင် အုပ်စုကိုးခုခွဲ၍ ကျင်းပ မည်ဖြစ်သည်။ မြန်မာကလပ်အသင်းများယှဉ်ပြိုင် မည့် အာဆီယံဇုန်တွင် အုပ်စုသုံးခုပါဝင်မည်ဖြစ်ပြီး အုပ်စု (စ)တွင် ဟနွိုင်း(ဗီယက်နမ်)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ရန်ကုန်(မြန်မာ)၊ နာဂါဝေါ (ကမ္ဘောဒီးယား)၊ အုပ်စု(ဆ)တွင်ဆီရက်စ် (ဖိလစ်ပိုင်)၊ ဘင်ဒေါင်း(ဗီယက်နမ်)၊ လိဂ်ချန်ပီယံ (အင်ဒိုနီးရှား)၊ ရှမ်းယူနိုက်တက်(မြန်မာ)၊ အုပ်စု(ဇ)တွင် ဟုမ်းယူနိုက်တက် (စင်ကာပူ)၊ ကာရာ(ဖိလစ်ပိုင်)၊ လာအိုတိုယိုတာ(လာအို)၊ လိဂ်ပြိုင်ပွဲ ဒုတိယအသင်း (အင်ဒိုနီးရှား)တို့ကျရောက်နေ သည်။ ရှမ်းယူနိုက်တက် အသင်းသည် အုပ်စုအဆင့်တွင်ဖိလစ်ပိုင်ကလပ် ဆီရက်စ်အသင်းနှင့် နှစ်နှစ်ဆက်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
-
ရန်ကုန်အသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပထမအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရထားပြီး နောက်ဆုံးအဆင့်တွင် တက်ရောက် ယှဉ်ပြိုင်ခွင့်ရပါက MNL အမှတ်ပေးပြိုင်ပွဲတွင် တတိယရခဲ့သည့် ဇွဲကပင်အသင်းက AFC Cupပြိုင်ပွဲတွင် အစားထိုး ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
-
ရှမ်းယူနိုက်တက် အသင်းသည် ရန်ကုန် အသင်းထက် အုပ်စုပိုကျပ်နေပြီး ဖိလစ်ပိုင် အသင်းနှင့် အင်ဒိုနီးရှားလိဂ် ချန်ပီယံအသင်း များအပါအဝင် ဗီယက်နမ်ကလပ်တို့ ပါဝင်နေသောကြောင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။
-
ပြိုင်ပွဲတွင် အနောက်အာရှဇုန်ချန်ပီယံ အသင်းမှာ နောက်ဆုံးအဆင့် ဗိုလ်လုပွဲသို့ တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး ကျန်ဇုန် လေးခုမှ ချန်ပီယံအသင်းများသည် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲပြန်လည်ကစားကာ ချန်ပီယံဆုရသည့် အသင်းမှာ နောက်ဆုံး အဆင့်ဗိုလ်လုပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည် ဖြစ်ပြီး ဖေဖော်ဝါရီလမှ မေလအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger