www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 28, 2018

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၂၈-၉-၂ဝ၁၈

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား/အမျိုးသမီး သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဗထူးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း စက်ပစ် ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မီတာ ၁ဝဝ ရိုင်ဖယ် ပစ်ခတ်စဉ်နှင့် မီတာ ၂ဝဝ ရိုင်ဖယ်ပစ်ခတ်စဉ် ယှဉ်ပြိုင်ပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစား အလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော ပင်လောင်းတပ်နယ် အမျိုးသမီးအသင်းနှင့် ဗထူးတပ်နယ်အမျိုးသား အသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများကိုအသီးသီး ပေးအပ်ကြသည်။ 

အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို အရည်အချင်း ပြည့်ဝသည့် တပ်မတော်သား လက်ဖြောင့် သေနတ်သမားများ ပေါ်ထွန်းလာစေရန်နှင့် နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ် လက်ရွေးစင်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင် ရန် ရည်ရွယ်၍ စက်တင်ဘာ ၁၉ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်းတို့က ပစ်ခတ်စဉ် ၁၈ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger