www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 27, 2018

ညောင်ဦးမြို့ အာနန္ဒာဘုရားအနီး ယာဉ်တိုက်မှုဖြစ်ပွား



ညောင်ဦး ၂၇-၉-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အာနန္ဒာဘုရားအနီး ပုဂံမြို့ဟောင်းသွား အနော်ရထာ လမ်းပေါ်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ပုဂံမြို့ နယ်မြေရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝက ပုဂံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ဦး၊ တာဝန်မှူး ဒုတိယရဲအုပ် နှင်းဖြူစိုး၊မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး လှသိန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ ဓမ္မရံကြီးဘုရားသွား မြေသားလမ်းမှ အာနန္ဒာဘုရား တောင်ဘက် ပုဂံမြို့ဟောင်း နှစ်လမ်းသွား အနော်ရထာ လမ်းပေါ်တွင် ယာဉ်ကြော မရှင်းဘဲ ဖြတ်ကူးလာသော ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရပ် ကွက်နေ ယာဉ်မောင်း ရဲစိုး မောင်းနှင် လာသောယာဉ်အမှတ် 3F/----Toyo Ace အဖြူရောင်ယာဉ်နှင့် အနော်ရထာလမ်း အတိုင်းအရှေ့မှ အနောက်သို့ ယာဉ်မောင်း ဦးကိုကိုကြီး ဗန္ဓုလအိမ်ရာ ဒဂုံတောင်မြို့နယ် နေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 4F/----Hyundai အနီရောင် Express ယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသည့် ခရီးသည် ၁၆ ဦးဒဏ်ရာရရှိကာ ပြည်ကြီးတံခွန် မြို့နယ် သင်ပန်းကုန်း ရပ်ကွက်နေသူ ဒေါ်မြင့်တွင် ဦးခေါင်းဝဲဘက်ခြမ်း ဖူးရောင် ဒဏ်ရာများရရှိပြီး ဆေးကုသရန် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ များသည် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ရဲစိုးကို ပုဂံနယ်မြေ ရဲစခန်းက (ပ)၁၈/၂ဝ၁၈၊ ဥပဒေပုဒ်မ၃ဝ၄(က)/ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger