www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 27, 2018

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်




နေပြည်တော် ၂၇-၉-၂ဝ၁၈

၂ဝ၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ ပြည့်ဇာနည် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်ရွေးစင် တင်းနစ်ကစားသမား နှစ်ဦး၏ သရုပ်ပြ ယှဉ်ပြိုင်မှုများကို လည်းကောင်း၊ ပြိုင်ပွဲပထမနေ့ပွဲစဉ်များဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)အသင်းနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အသင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အသင်းနှင့် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်အသင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့၏ ယှဉ်ပြိုင်မှုများကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

အဆိုပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) စားပွဲတင် တင်းနစ်ပြိုင်ပွဲကို စက်တင်ဘာ ၃ဝ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၂ဝ သင်း ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger