www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 17, 2018

ရထားစီး ခရီးသည် များအား တပ်မတော်မှ မော်တော် ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်




နေပြည်တော် ၁၇-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့၊ ဆွာချောင်း ရေလှောင်တမံ၊ ရေလွှဲတံခါးကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက် စားမှုကြောင့် ပျက်စီး သွားသည့်ရထားလမ်းများအား ပြုပြင်လျက်ရှိ ရာ ရထားစီးခရီးသည်များ အဆင်ပြေစွာ သွားလာ နိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာ အကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈ စီးဖြင့် ပို့ဆောင် ပေးလျက်ရှိသည်။ 

ထိုသို့ပို့ဆောင် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်- မန္တလေး အဆန်ရထား ခရီးစဉ် အမှတ်(၃)မှ ခရီးသည် ၅၈၇ဦး၊ ရထားဝန်ထမ်း ၁၂ဦး၊ မန္တလေး- ရန်ကုန်အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီးသည် ၅၆၇ ဦး၊ ရထား ဝန်ထမ်း ၁၂ ဦး တို့ကို လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်-မန္တလေး အဆန်ရထား ခရီးစဉ်အမှတ် (၁၁)မှ ခရီးသည် ၃၈၈ ဦး၊ ရထားဝန်ထမ်း ၁၂ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၁၂)မှ ခရီးသည် ၃၂၈ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကို လည်းကောင်း တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ဘူတာတို့အကြား အပြန်အလှန် ပို့ဆောင်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger