www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 31, 2018

ဘန်လေကိုရှုံးလျှင် မော်ရင်ဟို မန်ယူနည်းပြအဖြစ်မှ ထုတ်ပယ်ခံရနိုင် ဇီဒန်း ပိုချက်တီနို ကွန်တီ အလီဂရီနှင့် ဂစ်တို့ ဆက်ခံရန်ရေပန်းစား



မန်ယူ ၃၁-၈-၂ဝ၁၈

မန်ယူအသင်း ကစားသမားများနှင့် အသင်း ဝန်ထမ်းများက မော်ရင်ဟိုသည် စက်တင်ဘာ ၂ ရက်ညတွင် ဘန်လေနှင့်ကစားရမည့် ပရီး မီးယားလိဂ်ပွဲစဉ်၌ ရှုံးပွဲထပ်ကြုံရပါက အသင်း နည်းပြအဖြစ်မှ ထုတ်ပယ်ခံရရန် များနေသည် ဟု ယုံကြည်နေကြသည်။ မန်ယူ အသင်းသည် နောက်ဆုံး ပရီးမီးယားလိဂ်နှစ်ပွဲဆက် ဘရိုက် တန်နှင့် စပါးတို့ကိုရှုံးခဲ့ရသဖြင့် အသင်းဒုတိယ ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝပ်သည် အသင်းရုံးချုပ်အခြေ စိုက်ရာ ကာရင်တန်လေ့ကျင့်ရေးကွင်း၌ မော်ရင်ဟို အနာဂတ်အတွက် ဆွေးနွေးကာ ရာထူးမှ ထုတ်ပယ်ရန် စီစဉ်ဖွယ် ရှိနေပြီး ၂ဝ၁၆ ခုနှစ်က ဗန်ဟားလက်ထက်တွင်လည်း ထိုအဖြစ်မျိုးကြုံခဲ့ ရပြီး ဗန်ဟားမှာ ထုတ်ပယ်ခံရကာ မော်ရင်ဟို အစားဝင်လာသည့်ဖြစ်စဉ်မျိုး ဖြစ်လာနိုင်ကြောင်း အသင်းသားများက ယုံကြည်နေကြသည်။ ယခု လည်း မော်ရင်ဟို အသင်းမှထုတ်ပယ်ခံရပြီး နည်းပြသစ်အဖြစ် ဇီဒန်းရောက်ရှိလာမည့်အရေး ကို ကစားသမား များက ပြောဆိုနေကြောင်း အသင်းအတွင်း သတင်းအရ ဒေးလီးမေးလ်က ဖော်ပြသည်။

''ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေက မော်ရင်ဟို မကြာခင် အသင်းကထွက်ရတော့မယ့် အကြောင်း ပြောနေကြတယ်။ တချို့က ဘန်လေ ကိုရှုံးတာနဲ့ မော်ရင်ဟို ရာထူးကထုတ်ပယ်ခံ ရမယ်လို့ ယုံကြည်နေကြတယ်။ တချို့က စက်တင်ဘာလကုန်ပြီးချိန်မှာ မော်ရင်ဟို နည်းပြ အဖြစ် ဆက်မရှိနိုင် တော့ဘူးလို့ သုံးသပ်နေတယ်။ သူတို့က ဗန်ဟားနဲ့တုန်းကလည်း ဒီလိုတူညီတဲ့ ခံစားချက်မျိုး၊ အတွေ့အကြုံမျိုး ရှိခဲ့ကြဖူးပြီးသား ဖြစ်လို့ ခံစားသိရှိနေကြတယ်။ အသင်းက မော်ရင် ဟိုကို ထောက်ခံအားပေးဆဲလို့ပြောနေပေမယ့် ဗန်ဟားတုန်းကလည်း ဒီလိုတွေပြောပြီး အလုပ် ထုတ်လိုက်တာပဲ။ ဒါကြောင့် ကစားသမားတွေက နည်းပြသစ် အဖြစ် အစားဝင်လာနိုင်တဲ့ ဇီဒန်း အကြောင်းပဲပြောနေကြတယ်'' ဟု အသင်း အတွင်းလူတစ်ဦးကပြောသည်။

မန်ယူအသင်း ဒုတိယဥက္ကဋ္ဌ ဝုဒ်ဝပ်က တစ်နှစ် လစာပေါင် ၁၅ သန်း ပေးထားရသော မော်ရင်ဟိုကို စာချုပ် လျော် ကြေးပေးပြီး ၎င်းကို ထိုရာထူးယူထားသည့် လေးနှစ်ခွဲအတွင်း သုံးဦးမြောက် ထုတ်ပယ်သည့် နည်းပြဖြစ် မလာစေလိုသော်လည်း ပရီးမီးယားလိဂ် နှစ်ပွဲဆက်ရှုံးထားပြီး သုံးပွဲဆက် ရှုံးခဲ့လျှင် ရှိလာမည့် ဖိအားများမှာ ကြီးမားလွန်း မည်ဖြစ်ခြင်းကြောင့် အပြောင်းအလဲ တစ်ခုကို ဆုံးဖြတ်ကောင်း ဆုံးဖြတ်ရမည်ဖြစ်သည်။

မော်ရင်ဟိုကိုထုတ်ပယ်လျှင် ဇီဒန်းဆက်ခံရန် ရေပန်း အစားဆုံးဖြစ်နေပြီး ၎င်းနောက်တွင် ပိုချက်တီနို၊ ကွန်တီ၊ အလီဂရီနှင့် အသင်းဂန္ထဝင် ကစားသမားဟောင်း ရွိုင်ယန်ဂစ်တို့ အစားဝင် နိုင်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြနေ ကြသည်။ မန်ယူအသင်း နည်းပြဟောင်းဖြစ်သလို ဂန္ထဝင် ကစားသမားဟောင်း ဘရိုင်ယန်ရော့ဘ် ဆင်က မော်ရင်ဟိုကို သုံးပွဲရလဒ်ကြည့်ပြီး မထုတ်ပယ်သင့်ဘဲ အချိန်ပေးသင့်ကြောင်း ထောက်ခံ ပြောကြားသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger