www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 29, 2018

မန္တလေး-ပြင်ဦးလွင်လမ်း၌ လက်ရှိပန်းဈေးကို လာမည့် ဘဏ္ဍာနှစ်တွင် အဆင်မြင့် ပန်းဈေးရုံသစ် ဆောက်လုပ်ပေးမည်



မန္တလေး ၂၉-၅-၂ဝ၁၈

မန္တလေး-ပြင်ဦးလွင် လမ်း၌လက်ရှိ ရောင်းချနေသော ပန်းဈေးကို စနစ်တကျ ဖြစ်စေရေးလာမည့် ဘဏ္ဍာနှစ်တွင် အဆင့်မြင့် ပန်းဈေးရုံသစ် စတင်ဆောက်လုပ် ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောပြ၍ သိရသည်။

မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင် လမ်းပေါ်တွင် ယခင်ကတည်းက မေမြို့ပန်းမျိုးစုံကို ပြင်ဦးလွင်မြို့မှ နေ့စဉ် သယ်ယူရောင်း ချလျက်ရှိကြောင်း၊ အလားတူ မန္တလေးမြို့ရှိ ဈေးများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ပန်းဈေးတန်းမှာ ကားလမ်းမကြီးဘေးတွင် ရှိနေသည့်အတွက် နောက်ပိုင်းတွင် ယာဉ်ကြောစီးဆင်းမှုကို အဟန့်အတားဖြစ်လာ နိုင်စေသောကြောင့် ၎င်းးဈေးအနီးရှိ မြေနေရာကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဝယ်ယူကာ မြေသားပြုပြင်ခြင်းနှင့် ခြံစည်ရိုးကာ ခြင်းလုပ်ငန်းများကို လုပ်ဆောင် ထားပြီးဖြစ်ကြောင်း သိရသည်။

"အခုရောင်းချနေတဲ့ ပန်းဈေးက ကားလမ်းနဲ့မလွတ်တော့ ယာဉ်ကြော ပိတ်ဆို့မှုတွေဖြစ်နိုင်တယ်။ ဈေးသည်တွေကလဲ ဖြစ်သလို ရောင်းချနေတာကြောင့် ဒီပန်းဈေးက ဈေးသည်တွေကို စည်းကမ်းတကျနဲ့ရောင်းချဖို့ ဈေးရောင်းသူဦးရေကို ချိန်တွက်ပြီးမြေနေရာ အကျယ်အဝန်းရှိတဲ့ နေရာမှာ အဆင့်မီပန်းဈေးတန်း တစ်ခုအဖြစ် မကြာမီမြင်တွေ့ရ တော့မှာပါ" ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေး-ပြင်ဦးလွင် လမ်းပေါ်တွင် ရောင်းချနေသည့် ပန်းဈေးတန်းအစား မြေနှစ်ဧက ခန့်ရှိသည့် ပုသိမ်ကြီးမြို့နယ် သန့်စင်ကုန်းရွာတွင်ရှိသော မြေနေရာပေါ်တွင် ဈေးသည်များ အမြန်ဆုံးပြောင်းရွှေ့ ရောင်းချနိုင်ရေး လာမည့် ဘဏ္ဍာနှစ်တွင် ပန်းဈေးရုံကို စတင်ဆောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိပန်းဈေးတန်းတွင် ပန်းအမျိုးအစား အစုံအလင် ကိုရောင်းချ ပေးနေသည့် ဈေးသည်ပေါင်း ဦးရေ ၁ဝဝ ခန့်ရှိကြောင်း သိရသည်။

အဆင့်မြင့် ပန်းဈေးရုံအသစ် ဆောက်လုပ်ပြီးစီးပါက ဈေးသည်များကို နေရာချထား ပေးရာတွင် သင့်တော်သည့် ဆိုင်ခန်းငှားရမ်း ခများကို ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger