www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 27, 2018

ကျိုက်ထီးရိုးကေဘယ်လ် ကားနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ထွက်ပေါ်နေသော သတင်းများကြောင့် စီးနင်းသူ လျော့နည်းသွားဟုဆို



ကျိုက်ထို ၂၇-၄-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး စေတီတော်နှင့် ရသေ့တောင်တို့ကို ဆက်သွယ် တည်ဆောက်ထားသော ကေဘယ်လ်ကားနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်နေသော သတင်းများကြောင့် ကေဘယ်လ်ကား စီးနင်းသူလျော့နည်း သွားကြောင်း SKY ASIA ကုမ္ပဏီမှ သိရသည်။

ကေဘယ်လ်ကား လုပ်ငန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ မဟုတ်မမှန် ပြောဆိုနေမှုများနှင့် ဖြစ်စဉ် အခြေအနေ မှန်ကိုမသိဘဲ သတင်းဌာနအချို့က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားနေမှုများကြောင့် ကေဘယ်လ် ကားစီးနင်းသူ အရေအတွက် လျော့ကျသွားကြောင်း SKY ASIA ကုမ္ပဏီမှ MD ဖြစ်သူ MR.CHO KI HYUNG က ပြောပြသည်။

ကေဘယ်လ်ကား ကိစ္စနှင့် ပတ်သက်၍ မဟုတ်မမှန် သတင်းများ မထွက်ပေါ်မီ ကာလများက ကေဘယ်လ်ကား စီးနင်းသူနေ့စဉ် ဦးရေ ၃ဝဝဝ မှ ၄ဝဝဝ ခန့်ကြားရှိပြီး သတင်းများထွက်ပေါ် ပြီးနောက်ပိုင်းတွင် စီးနင်းသူ ၁ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သိရသည်။

ကျိုက်ထီးရိုးကေဘယ်လ် ကားလုပ်ငန်းနှင့် ပတ်သက်၍ သတင်းဌာနအချို့နှင့် လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် ကေဘယ်လ်ကားများသည် အသက်အာမခံ မရှိသကဲ့သို့ လုံခြုံစိတ်ချရမှုမရှိဟု မြန်မာကန်ထရိုက်တာ အဖွဲ့က စွပ်စွဲပြောဆိုခြင်းများ၊ ရတနာရွှေ ဆင်ကြီးကုမ္ပဏီက SKY ASIA ကုမ္ပဏီအပေါ် ငွေကျပ် သိန်းပေါင်း ခုနစ်သောင်း ရလိုမှုနှင့် ပတ်သက်၍ တရားစွဲဆိုမှု ပြုလုပ်သွားမည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ကေဘယ်လ်ကား စီးနင်းခများအဖြစ် ပြည်တွင်းခရီးသွား တစ်ဦးလျှင် အတက်ငွေကျပ် ၄ဝဝဝ၊ အဆင်း ငွေကျပ် ၄ဝဝဝ၊ အတက်အဆင်းလက်မှတ် ဝယ်ယူပါက ငွေကျပ် ၆ဝဝဝ သတ်မှတ် ကောက်ခံပြီး နိုင်ငံခြားသားဖြစ်ပါက အတက်အဆင်း ၁ဝ ဒေါ်လာသတ်မှတ် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger